မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် တိုင်းဒေသကြီး Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အမှတ်စဉ် (၃၂/၂၀၂၁) အစည်းဝေးတက်ရောက်

မကွေး   စက်တင်ဘာ   ၂၄

မကွေးတိုင်းဒေသကြီး Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ် (၃၂/၂၀၂၁) ကို ယနေ့ နံနက် ၉ နာရီက မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ မကွေတိုင်း ဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက်၍ လမ်းညွှန်အမှာ စကားပြောကြား သည်။ 

ရှေးဦးစွာ တိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်က ပြည်သူလူထု၏ မျက်ခြေမပြတ် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်မှုများကြောင့် ပိုးတွေ့မှုရာခိုင်နှုန်း ကျဆင်းလာတာကို တွေ့ရ ကြောင်း၊ ယမန်နေ့အထိ မကွေးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှု ၁၁ ရာခိုင်နှုန်းအထိ လျော့နည်းလာသည်ကို တွေ့ရှိရကြောင်း၊ စစ်ဆေးခြင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများအား အရှိအဟုန်မပျက် ပိုမိုဆောင် ရွက်သွားကြရမှာ ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း မြို့နယ်အသီသီးမှာလည်း အောက်ဆီဂျင်စက်ရုံများ တည်ဆောက်ခဲ့ပြီး အောက်ဆီဂျင်ထုတ်လုပ်မှုကို မြို့နယ်အချို့မှာ စတင်လည်ပတ် ဖြန့်ဖြူးပေးနိုင်ပြီ ဖြစ်သည့်အတွက်  တိုင်းဒေသကြီးအတွင်းမှ ကိုဗစ်လူနာများရဲ့ အောက်ဆီဂျင် လိုအပ်မှုကို ပြည့်ဝစွာ ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်ခဲ့ပြီ ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု အခြေအနေများ၊ ကာကွယ်တားဆီးရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့် ပတ်သက်၍ စာရင်းဇယား များ စနစ်တကျ ထိန်းသိမ်းထားရန် လိုအပ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများနှင့်ပတ်သက်လို့ ပြည်သူများ ကျယ်ကျယ် ပြန့်ပြန့် သိရှိနိုင်ရေး အသိပညာပေးလုပ်ငန်းများ ကိုလည်း ဝိုင်းဝန်းပူးပေါင်းကာ ပိုမိုလုပ်ဆောင် သွားကြရမှာဖြစ်ကြောင်း စသည်ဖြင့် ပြောကြားသည်။

ဆက်လက်ပြီး သက်ဆိုင်ရာ ခရိုင်များအလိုက် တာဝန်ပေးအပ်ထားသည့် ကော်မတီဝင်များ၊ မကွေးတပ်နယ်မှူးနှင့် တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးတို့က ခရိုင်/မြို့နယ် များတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု အခြေအနေများ၊ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် နေ့စဉ်လုပ်ငန်း ဆောင်ရွက်ထားရှိမှု အခြေအနေ များအား လည်းကောင်း၊ တိုင်းဒေသကြီးပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူးက ကိုဗစ်-၁၉ ရာဂါကာကွယ်ရေး အသိပညာ ပေးလုပ်ငန်းများနှင့် ပတ်သက်၍ ပြည်သူများ သိရှိနိုင်ရေး၊ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးမှု အခြေအနေများနှင့် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးမှုများအား ပြည်သူများ သိရှိနိုင်ရေး လိုက်လံနှိုး ဆော်ပေး ဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြ ဆွေးနွေးခဲ့ကြသည်။

ယင်းနောက် တာဝန်ရှိသူများ၏ တင်ပြဆွေးနွေးမှုများအပေါ် တိုင်းဒေသကြီးကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ရေးကော်မတီ ဥက္ကဋ္ဌ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ ကိုဗစ်-၁၉ ရောဂါကူးစက်မှု လျှော့ချရေး လုပ်ငန်းစဉ်များ ဆက်လက်ပြီး ဝိုင်းဝန်းပူးပေါင်း ကူညီဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။

မောင်ညီညာ(မကွေး)