ဂန့်ဂေါ သြဂုတ် ၁၆
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုသည် သယံဇာတ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ယဉ်မင်းလှိုင်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးပြူးလွင်၊ ဂန့်ဂေါခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်မင်းညို ၊ တာဝန်ရှိသူများတို့နှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် ဂန့်ဂေါမြို့နယ်၊ မွှေ့လယ် ကျေးရွာ အထက်တန်းကျောင်းသို့ ရောက်ရှိပြီး ကျောင်းဆောင်ပြုပြင်ရန်အတွက် တိုင်းဒေကြီး ဒေသ ဖွံဖြိုးရေး ရန်ပုံငွေမှ ထောက်ပံ့ ငွေ (၉၉၀၀၀၀၀/-) ကိုလည်းကောင်း၊ ရွှေဘိုကျေးရွာ လျှပ်စစ် မီးလင်းရေး ဖွင့်ပွဲတွင် ရွှေဘိုရွာ အ.ထ.က (ခွဲ) ဝန်ထမ်းအိမ်ရာ ပြုပြင်ရန် အတွက် တိုင်းဒေသကြီး ဒေသဖွံဖြိုးရေး ရန်ပုံငွေမှ ထောက်ပံငွေ ကျပ် (၇၂၁၀၀၀၀/-) ကို လည်ကောင်း ပေးအပ်ထောက်ပံ့သွားသည်။
ထို့ပြင် ဝန်ကြီးချုပ်သည် သြဂုတ် ၁၄ ရက် က ဂန့်ဂေါမြို့နယ် ကျောမြို့ တိုက်နယ်ဆေးရုံ၌ အမျိုးသမီး လူနာဆောင် ပြန်လည်ပြုပြင်ရန် ငွေကျပ် ၇၁၆၂၀၀၀ ကျပ်ကို ထောက်ပံ့ခဲ့သည့်အပြင် ရှုံးရှီရွာ အ.ထ.က ၌ ဆရာ၊ ဆရာမများနှင့် တွေ့ဆုံပြီး ပညာသင်ဆရာ၊ ဆရာမများ အတွက် ငွေကျပ် ၁၀ သိန်းအား ဆုငွေအဖြစ် ပေးအပ်ကာ ကျောင်းစာကြည့်တိုက်အတွက် သုတရသစာအုပ်မျိုးစုံ ၃၂ အုပ်ကို ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
တောင်သားမောင်သန်း