လဟယ် စက်တင်ဘာ ၂၄
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ်အတွင်း ကျေးရွာ/အုပ်စု များသို့ တရုတ်နိုင်ငံထုတ် Sinopharm ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို မနက်ဖြန်မှ စတင်၍ ကျေးရွာအုပ်စုအလိုက် ကွင်းဆင်းထိုးနှံပေးသွားမည်ဖြစ်ကြောင်းသိရသည်။
ထိုသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံရာတွင်ဦးတည် အုပ်စု များအားပုဂ္ဂိုလ်များအား ဦးစားပေး ထိုးနှံပေးသွားမည်ဖြစ်ပြီး လဟယ်မြို့ နယ်အတွင်း ရည်မှန်းလူဦးရေး (၂၀၀၀)ဦးအား ထိုးနှံပေးမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါ ကာကွယ်ဆေးကိုလဟယ်မြို့နယ် မြောက်ဘက်ခြမ်းရှိ ကျေးရွာအုပ်စုဖြစ်သော တိုက်ရံ၊ အံ့ပေါ်၊ မော်ဖွန်၊ မွန်တုံးရှောင်၊ မွန်တုံးညို၊ ကျေးရွာနှင့်လဟယ်မြို့နယ် အရှေ့ဘက်ခြမ်းရှိ လုံခင်၊ ယုံတိုင်း၊ ညှင်ရှောင်၊ ခါးလယ်၊ ဝုထကျေးရွာများ လဟယ်မြို့နယ်တာင်ဘက်ခြမ်းရှိ ကုန်းလမ်း အုပ်စုတို့အား လဟယ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ၏ဦးဆောင်ကြီးကြပ်မှာဖြင့် ထိုးနှံပေး သွားမည်ဖြစ်ကြောင်း လဟယ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇာနည်၀င်းထံမှ သိရသည်။
လဟယ်မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပြီးစီးမှုအနေဖြင့် ပထမအသုတ်တွင် (၁၈၄၇)ဦး၊ ဒုတိယအသုတ်တွင် (၁၀၅)ဦး၊ တတိယအသုတ်တွင်(၂၇၃)ဦး၊ စတုတ္ထအကြိမ်တွင် (၈၇၃)ဦးနှင့် ယခုထပ်မံထိုးနှံပေးမည့် ရည်မှန်းဦးရေ(၂၀၀၀)ဦးထိုးနှံပြီးပါက တစ်မြို့ နယ်လုံးအနေဖြင့် လူဦးရေ(၅၀၀၀)ကျော် ကိုဗစ်-၁၉ကာကွယ်ဆေးထိုးနှံနိုင်ပြီဖြစ်ကြောင်းသိရသည်။
ရှားဆက်(လဟယ်)