နတ်မောက် စက်တင်ဘာ ၂၄
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်အတွင်း ကိုဗစ်-၁၉ ကူးစက်ရောဂါ မပြန့်ပွားရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးသန့်စင်နှင့်အဖွဲ့ဝင်များမှ ဦးဆောင်ကြီးကြပ်ပြီး မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာမောင်မောင်ချင်းနှင့်ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များပူးပါင်း၍ ကိုဗစ် - ၁၉ ကာကွယ်ဆေး ဒုတိယအသုတ် (ပထမအကြိမ်) ဆက်လက် ထိုးနှံပေးလျက်ရှိသည်။
ထိုသိုထိုးနှံပေးရာတွင် နတ်မောက်မြို့နယ်အတွက် ဆေးအလုံးရေ (၁၁၀၀)လုံး ထပ်မံရောက်ရှိပြီး ဆေးတစ်လုံးလျှင် လူ(၅)ဦးနှုန်းဖြင့် လူဦးရေ (၅၅၀၀)ဦးအား ဆက်လက်ထိုးနှံပေးသွားမှာဖြစ်ပြီး စက်တင်ဘာ (၂၃) ရက်နေ့ နံနက်ပိုင်းမှစတင်ကာ စုရပ်များဖြစ်သော မိခင်နှင့်ကလေးကျန်းမာရေး ဌာနတွင်(၂၂၀)ဦး၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတွင် (၂၁၅)ဦး၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမတွင်(၂၄၅)ဦး၊ ရွှေပန်းတောကျေးရွာ တိုက်နယ် ဆေးရုံတွင် (၂၃၅)ဦး၊ ဖန်ခါးစမ်းကျေးရွာတိုက်နယ်ဆေးရုံတွင်(၄၀)ဦး၊ စိုင်ကောင်းကျေးရွာ အ.ထ.က ကျောင်းတွင်(၈၅)ဦး စုစုပေါင်း (၁၀၄၀)ဦးတို့အား ကျန်းမာရေးဝန်ကြီးဌာနမှညွှန်ကြားချက်များနှင့်အညီ လူစုလူဝေးမရှိစေရန် နေရာထိုင်ခင်းများ စီစဉ်ဆောင်ရွက်ပေးပြီး သက်ကြီးရွယ်အိုများ၊ သံဃာတော်များ၊ သီလရှင်များ၊ မသန်စွမ်းသူများ၊ နာတာရှည် ရောဂါခံစားနေရသူများနှင့်အကူအညီလိုအပ်သူများကို မြိုနယ်ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့ဝင်များက ကူညီစောင့်ရှောက်၍ မြို့နယ်ကျန်းမာရေးဆရာ/ဆရာမ များက ကာကွယ်ဆေးထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
သင်းသင်းမြတ်