ကျိုက်လတ် စက်တင်ဘာ ၂၄
ဧရာဝတီတိုင်ဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မ မြို့နယ်အတွင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး အစီအစဉ်တွင် ပါဝင်ဆောင်ရွက်နေသည့် Volunteer များအား Volunteer စိစစ်ရေးကပ်ပြားများ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေဝါလတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းသိန်းအောင်မှ Volunteer စိစစ်ရေးကပ်ပြားများ ပေးအပ်ရခြင်းရည်ရွယ်ချက်နှင့် Volunteer ဆောင်ရွက်နေသူများအား ဂုဏ်ပြအားပေးစကား ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းသိန်းအောင်နှင့် အဖွဲ့ဝင်များက မြို့နယ်အတွင်း လူမှုရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် အသင်းအဖွဲ့များဖြစ်သည့် ကြက်ခြေနီတပ်ဖွဲ့၊ ရေကြည်တော်လူမှုရေးအသင်း၊ သုခမေတ္တာလူမှုရေးအသင်း၊ အရှေ့ပိုင်းလူငယ်များ လူမှုရေးအသင်းနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ စုစုပေါင်း Volunteer (၇၇)ဦးတို့အား Volunteer စိစစ်ရေးကပ်ပြားများ ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ဌေးဌေးလှိုင်