ရွှေသောင်ယံ ဩဂုတ် ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ အမှတ်(၁)ရပ်ကွက်၊ ရောင်နီဦးလမ်းတွင် ပေ(၃၀၀)အရှည် ကွန်ကရစ်လမ်း ခင်းခြင်းကို EMERALD DELTA COMPANY LIMITED မှ တာဝန်ယူ တည်ဆောက်လျက်ရှိကြောင်းသိရသည်။
အဆိုပါလမ်းကို ရွှေသောင်ယံမြို့စည်ပင်သာယာရေးကော်မတီမှ ၂၀၁၉ -၂၀၂၀ ဘဏ္ဍာရေးနှစ် ရန်ပုံငွေဖြင့်တည်ဆောက်ပြီး လမ်းအရှည်ပေ(၃၀၀)၊ အကျယ် (၁၄) ပေ၊ ထု(၈)လက်မရှိကာ လုပ်ငန်းတန်ဖိုးငွေကျပ် (၁၂၆၀၆၀၀၀) ဖြင့်ဆောက်လုပ် လျက်ရှိကြောင်း သိရသည်။
ကိုကိုမောင် (ပြန်/ဆက်)