သံတွဲ စက်တင်ဘာ ၂၃
မြန်နိုင်ငံဆောက်လုပ်ရေး လုပ်ငန်းရှင်များဆိုင်ရာအသင်းချုပ်(ရန်ကုန်မြို့) မှရခိုင်ပြည်နယ် သံတွဲခရိုင်အတွင်းရှိ သက်ကြီးရွယ်အိုများအား ကိုယ်ခံအားကောင်းမွန်ကာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွား မှုအား ကာကွယ်နိုင်ရေးအတွက် သောက်သုံးနိုင်ရန်လှူဒါန်းသည့် (အမေရိကန်နိုင်ငံ) ကိုယ်ခံအား မြှင့် ဆေးရည် Vitamin D-3 ဆေးရည်များအား စက်တင်ဘာ ၂၃ရက်နေ့တွင် ငပလီမြို့ပရဟိတ လူမှုရေးအဖွဲ့မှ အလှူရှင်များ ကိုယ်စားသက်ဆိုင်ရာကျေးရွာတာဝန်ခံများသို့ ဖြန့်ဝေ ပေးခဲ့ ကြောင်း သိရှိရသည်။
ထိုသို့ဖြန့်ဝေရာတွင် ပုဇွန်ဖြေကျေးရွာအုပ်စုရှိ လူဦးရေ ၆၀၀၀ဦး ၊ ကြာညို/ကျောက်ကြီး ကျေးရွာ များမှ လူဦးရေ ၃၀၀၀ ဦး ၊ ပေါက်တူး၊ မင်းပြင်၊ နွားခြံ၊ မြို့ကွင်း ၊ မျှားချောင်း နှင့် ငပန်ကျေးရွာများရှိ သက်ကြီး ရွယ်အို ၁၅၀၀ဦး၊ သဘာဝမိခင်များအဖွဲ့(သံတွဲ)မှ ဦးဆောင်၍ မြို့ပေါ်ရပ်ကွက်များရှိ သက်ကြီးရွယ်အို ၁၅၀၀ ဦးနှင့် ကျိန္တလီမြို့အတွင်းရှိကျေးရွာများမှ သက်ကြီးရွယ်အို ၈၅၀၀ ဦးတို့ သောက်သုံး နိုင်ရေးအတွက် ကိုယ်စားသက်ဆိုင်ရာ ကျေးရွာတာဝန်ခံများသို့ ဖြန့်ဝေပေးခဲ့ကြောင်း ငပလီမြို့ ပရဟိတလူမှုရေးအဖွဲ့မှ သိရှိရသည်။
သန့်ဇင်