မြိုင် စက်တင်ဘာ ၂၄
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်တွင် အသက်(၁၈)နှစ် ပြည့်ပြီးသူများအား ဒုတိယ အသုတ် ပထမအကြိမ်အဖြစ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopham ကို မြိုင်မြို့ အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်းတွင် စက်တင်ဘာလ ၂၃ ရက်နေ့ နံနက် ၉ နာရီ အချိန်က ထိုးနှံပေးလျက်ရှိသည်။
ထိုသို့ထိုးနှံပေးရာတွင် မြိုင်မြို့ အ.ထ.က(၁)စာသင်ကျောင်းတွင် မြို့ပေါ်အမှတ်(၁၊၂၊၃)ရပ်ကွက် များ နှင့် ဗဟင်း၊ ကန်နီ၊ ကွမ်းတော၊ ရွာတန်းရှည်၊ ဆိတ်ချီး ကျေးရွာများမှ အသက်(၁၈)နှစ် ပြည့်ပြီးသူများ အားလုံးကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးပြီး ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ရေးလမ်းညွှန်ချက်များနှင့်အညီ ကာကွယ်ဆေးလာရောက်ထိုးနှံသူများကို ကိုယ်ပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။ စက်တင်ဘာလ ၁၆ ရက်မှ၂၃ ရက်နေ့ အထိ၄၃၀၅ ဦးထိုးနှံပြီး စီးပြီဖြစ်ပြီးကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာ တွင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် ကျန်းမာရေး ဝန်ထမ်း များ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့များ ၊ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာများရှိ တာဝန်ရှိသူများက ကာကွယ်ဆေး ထိုးစုရပ်များတွင် လိုက်ပါဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
သူရ(ပုံတောင်)