ကျိုက်လတ်မြို့နယ်၊ တမံကြီးကျေးရွာအုပ်စုရှိ ပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

ကျိုက်လတ်   စက်တင်ဘာ  ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင် အားဦးစီးဌာနရုံးမှ  မြိုနယ်အတွင်းရှိ နိုင်ငံသားစိစစ်ရေးကတ်ပြား မရရှိသေးသူများနှင့် ပြုလုပ်လိုသူများကို ပန်းခင်းစီမံချက်ဖြင့်ကျေးရွာများအရောက် ကွင်းဆင်းဆောင် ရွက်ပေးလျက်ရှိရာ ယမန်နေ့က တမံကြီးကျေးရွာအုပ်စုတွင်ဆောင်ရွက်ပေးခဲ့ကြကြောင်းသိရသည်။

အဆိုပါ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများပြုလုပ်ပေးရခြင်းနှင့်ပတ်သတ်၍ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးထွန်းဆွေက ရှင်းပြောကြားခဲ့ပြီး၊ ကျေးရွာပြည်သူများအတွက်နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို မြို့နယ်ဦးစီးမှူးဦးထွန်းဆွေနှင့် ဝန်ထမ်းများမှ လွယ်ကူလျင်မြန်စွာဖြင့် ရရှိနိုင်ရေးပြုလုပ်ဆောင်ရွက်ပေးခဲ့ရာ ၁၀နှစ်ပြည့်နိုင်ငံသားစိစစ်ရေးကပ်ပြား ကျား()ဦး၊ မ(၁၁)ဦးပေါင်း(၁၅)ဦး၊ ၁၈နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကပ်ပြားကျား()ဦး၊ မ(၁၁)ဦးပေါင်း(၁၅)ဦး၊ ၁၀နှစ်ပြည့်နှင့် ၁၈နှစ်ပြည့်လဲ လှယ်သည့် နိုင်ငံသားစိစစ်ရေးကပ်ပြားကျား()ဦး၊ မ(၁၂)ဦးပေါင်း(၁၈)ဦး၊ နှင့်နိုင်ငံသားစိစစ် ရေးကပ်ပြားပျောက်ဆုံး/ပျက်စီးမိတ္တူထုတ်ပေးမှု ကျား()ဦးမ(၁၀)ဦးပေါင်း(၁၈)ဦး၊ စုစုပေါင်း ကျား (၂၂) ဦးမ (၄၄) ဦးပေါင်း (၆၆) ဦးထုတ်ပေးခဲ့ကြောင်း သိရသည်။

ဌေးဌေးလှိုင်

ကျိုက်လတ်(ပြန်/ဆက်)