ပေါက်ခေါင်းမြို့နယ်တွင် မဲဆန္ဒရှင်စာရင်း လာရောက်ကြည့်ရှုသူ ဦးရေ (၃၄၂၀၁) ဦးရှိပြီး လျှောက်ထားသူ၊ ကန့်ကွက်သူနှင့် ပြင်ဆင်သူ ဦးရေ (၄၀၇၈ ) ဦးရှိ

ပေါက်ခေါင်း ဩဂုတ် ၁၆

ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အတွက် မဲဆန္ဒရှင်များကို မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများတွင် ဇူလိုင်လ ၂၅ ရက်နေ့မှစတင်၍ ပထမအကြိမ် ထုတ်ပြန်ကြေညာထားပေးရာ ဩဂုတ်လ ၁၄ ရက်နေ့အထိ မဲစာရင်းလာရောက်ကြည့်ရှုသူ (၃၄၂၀၁) ဦးရှိပြီး၊ လာရောက်လျှောက်ထားသူ၊ ကန့်ကွက်သူနှင့် ပြင်ဆင်သူဦးရေ (၄၀၇၈) ဦးရှိကြောင်း သိရသည်။

ပေါက်ခေါင်းမြို့နယ်တွင် ယမန်နေ့အထိ မဲစာရင်း၌ အမည်စာရင်းမပါရှိ၍ ပုံစံ(၃)ဖြင့် လာရောက် လျှောက်ထားသူ (၂၀၀၃) ဦး၊ မဲစာရင်းတွင် မပါဝင်သင့်သူများ ပါဝင်နေ၍ ပုံစံ(၄)ဖြင့် လာရောက် ကန့်ကွက်သူ (၇၀၄) ဦး ကိုယ်ရေးအချက်အလက်များ မှားယွင်းနေသဖြင့် ပြင်ဆင်ရန်ပုံစံ ၄ (ဂ) ဖြင့် လာရောက်လျှောက်ထားသူ (၁၃၇၁ ) ဦးရှိကြောင်း သိရသည်။

ပေါက်ခေါင်းမြို့နယ်ရှိ ရပ်ကွက် (၅) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၅၃) အုပ်စုတို့တွင် လက်ရှိဆန္ဒ‌မဲ ပေးပိုင်ခွင့်ရှိသူဦးရေ (၉၆၉၂၀) ဦးရှိပြီး၊ လျာထားမဲရုံအရေအတွက်မှာ (၂၁၂) ရုံရှိကြောင်း မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)