မြန်အောင် ဩဂုတ် ၁၆
မြန်အောင်မြို့နယ်၊ မျှင်ဝါးတောင်ကြိုးဝိုင်း၊ အကွက်အမှတ်(၅၉)၊ ကျွန်းစိုက်ခင်းဟောင်းအတွင်း ယမန်နေ့က တောဆင်ရိုင်း(ဟိုင်းဆင်)တစ်ကောင် ဝင်ရောက်နေကြောင်း ဒေသခံများ၏ ဆက်သွယ် သတင်းပေးမှုကြောင့် မြို့နယ် သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးအောင်မျိုး ခေါင်းဆောင်သော သစ်တော၀န်ထမ်းများ၊ သစ်တောရဲ တပ်ကြပ်ကြီး ရာဇာသူနှင့် တပ်ဖွဲ့၀င်များ၊ အင်ပင်နယ်မြေရဲစခန်းမှ တပ်ကြပ်ကြီး ကျော်၀င်းလှိုင်နှင့်တပ်ဖွဲ့၀င်များ၊ ဆင်အုပ် -ဦးဟန်ညွန့် EERU(MTE)၊ ဆင်ခေါင်း၊ ဆင်ဦးစီးများနှင့် ကြိုးဝိုင်းအနီးမှ ဒေသခံပြည်သူများကစုပေါင်း ခြောက်လှန့် မောင်းထုတ်ခဲ့ကြကြောင်းသိရသည်။
အဆိုပါ တောဆင်ရိုင်း၀င်ရောက်မှုကြောင့် လူနှင့်အဆောက်အအုံများ ထိခိုက်ပျက်စီးမှု မရှိကြောင်းသိရသည်။
ထွန်းဇော်ထွန်း( ပြန်ဆက်)