ဂန့်ဂေါမြို့တွင် အသက်(၁၈)နှစ်နှင့်အထက်ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(Sinopharm) ဒုတိယအသုတ်(ပထမအကြိမ်) တတိယနေ့အဖြစ်ဆက်လက်ထိုးနှံပေး


ဂန့်ဂေါ  စက်တင်ဘာ ၂၂

 

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့တွင် အသက်(၁၈)နှစ်နှင့်အထက်ပြည်သူများနှင့် သံဃာတော် များကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinopharm) ဒုတိယအသုတ် (ပထမအကြိမ်) တတိယနေ့ ထိုးနှံပေး ခြင်းကို ယနေ့နံနက်(၉)နာရီအချိန်မှစ၍ ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မိုးလုံလေလုံ အားကစား ခန်းမတွင် ဆက်လက်ထိုးနှံပေးလျက်ရှိသည်။

ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(Sinopharm) ထိုးနှံခြင်းကို သံဃာတော်များ၊ သီလရှင်များနှင့် ကျေးရွာအုပ် စုများက အသက်(၁၈)နှစ်နှင့်အထက်ဒေသခံပြည်သူများအား သတ်မှတ် အုပ်စုအလိုက် ဦးစားပေးအစီအစဉ် အတိုင်း ထိုးနှံပေးလျက်ရှိသည်။ ဂန့်ဂေါခရိုင်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်လွင်ဦးက ကာကွယ်ဆေးထိုးနှံရာတွင် ကူညီဆောင်ရွက်ပေးသည့် ကျန်းမာရေးဌာနမှဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ လူမှုရေး အသင်းအဖွဲ့များက ကာကွယ်ဆေးထိုးမှတ်တမ်းရေးသွင်းခြင်းလုပ်ငန်းများဆောင်ရွက်ပေးခြင်းတို့ အတွက် အားပေးစကားပြောကြားပြီး လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးခြင်းလုပ်ငန်းကို သတ်မှတ်အုပ်စုအလိုက် ဦးစားပေး အစီအစဉ် အတိုင်း နံနက်(၉)နာရီမှ(၁၂)နာရီထိ (၁)ချိန်၊ နေ့လယ်(၁)နာရီမှ(၃)နာရီထိ (၁)ချိန် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသေား ကိုဗစ်-၁၉ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ထိုးနှံပေးလျက်ရှိပြီး စက်တင်ဘာ(၂၀)ရက်မှ စက်တင်ဘာ (၂၂)ရက်နေ့အထိ ပြည်သူ(၇၅၀)ဦးကို ကာကွယ်ဆေး ထိုးနှံမှုပြီး စီးခဲ့ပြီဖြစ်ကြောင်း သိရသည်။    

မောင်မျိုးမင်း(ယော)