အမ်း စက်တင်ဘာလ ၂၂
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ် ဦးစီးမှူးရုံးမှ “ပန်းခင်းစီမံချက်”ဖြင့်အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်းသိရှိရသည်။
ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးကျော်မင်းထွန်းနှင့် ဝန်ထမ်းများက ဒါးလက် ကျေးရွာ အုပ်စုနှင့် ကဇုကိုင်းကျေးရွာအုပ်စုတို့မှ တိုက်ပွဲရှောင်နေရပ်စွန့်ခွာပြည်သူ( ရခိုင်တိုင်းရင်းသား၊ ချင်းတိုင်းရင်း သား)များအား အိမ်ထောင်စု လူဦးရေစာရင်း မွေးတိုး/ သေဆုံး/ပယ်ပျက်/မိတ္တူ ကျား(၁၁)ဦး၊ မ(၉)ဦး စုစုပေါင်း(၂၉)ဦးနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ကျား(၆၃) ဦး၊ မ(၇၅)ဦး စုစုပေါင်း (၁၃၈)ဦးကို တတိယအကြိမ်မြောက် စက်တင်ဘာလ (၁၈)ရက်နေ့မှ (၂၁)ရက်နေ့ထိ ဆောင်ရွက် ပေးခဲ့ကြောင်းသိရှိရသည်။
“ပန်းခင်းစီမံချက်”ဖြင့် အမ်းမြို့နယ်အတွင်းရှိကျေးရွာများသို့သွားရောက်၍ နိုင်ငံသား စိစစ်ရေးကတ်ပြား မရှိသည့်ပြည်သူများနှင့် ပျောက်ဆုံး/ပျက်စီးသူများအား ဆောင်ရွက် ပေးရေး၊ အိမ်ထောင်စုလူဦးရေစာရင်း မွေးတိုး/သေဆုံး/ပယ်ပျက်/မိတ္တူများကို ကွင်းဆင်းဆောင်ရွက် ပေးလျက် ရှိကြောင်း သိရှိရသည်။
ဝင်းအိမွန်