ကျောက်ဖြူ စက်တင်ဘာ ၂၂
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများအား စက်တင်ဘာလ ၂၂ ရက်နေ့မှစတင်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ပင်စင် လစာငွေများကို ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ထုတ်ပေးလျှက်ရှိရာတွင် လူစုလူဝေးမဖြစ်ပေါ်စေရန်အတွက် သတ်မှတ်အကွာအဝေးနေ ရာများထားရှိပေးခြင်း၊ လက်ဆေးစေခြင်း၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်းနှင့် နှာခေါင်းစည်း Mask များ တပ်ဆင်စေခြင်း အစရှိသည့် ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ထားရှိပေးသည်။ ယင်းနောက် အငြိမ်းစားဝန်ထမ်းများအနေဖြင့် ပင်စင်လစာငွေများထုတ်ယူရာ၌ အဆင်ပြေချောမွေ့စေ ကာ အခက်အခဲမဖြစ်ပေါ်စေရန်အတွက် ရုံးပိတ်ရက်များမှအပ ရုံးဖွင့်ချိန်များတွင် နံနက် ၇ နာရီမှစ၍ ပင်စင်လစာငွေများကို ထုတ်ပေးလျက်ရှိပြီး သတ်မှတ်ရက်များတွင် လာရောက်ထုတ်ယူနိုင်ခြင်းမရှိ သော အငြိမ်းစားဝန်ထမ်းများကို အောက်တိုဘာလ၊ လဆန်းပိုင်းတွင် ဘဏ်လုပ်ငန်းချိန်အတွင်း ဆက် လက်ထုတ်ပေးသွားမည်ဖြစ်သည်။
ကျောက်ဖြူမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် လစဉ်ပင်စင်လာရောက်ထုတ်ယူသူ ၂၅၀၀ ကျော်ရှိပြီး စက်တင်ဘာလ ၂၁ ရက်နေ့တွင် လာရောက်ထုတ်ယူသူ ၄၇၂ ဦး၊အား ငွေကျပ် ၄၈ ဒသမ ၅၅ သန်းအား ထုတ်ပေးထားပြီးဖြစ်ကာ စက်တင်ဘာလ ၂၂ ရက်နေ့တွင်လည်း လာရောက်ထုတ်ယူသူများကို ပင်စင်လစာငွေများ ဆက်လက်ထုတ်ပေးလျက်ရှိကြောင်း မြို့နယ်၊မြန်မာ့စီးပွားရေးဘဏ်မှ သိရသည်။
တင်ထွန်းဦး