ကျိုက်မရော စက်တင်ဘာ ၂၂
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်းရှိ ကိုဗစ် ၁၉ရောဂါကာကွယ်ဆေးတစ်ကြိမ်မှ မထိုးနှံရသေးသောပြည်သူများအားဦးတည်အုပ်စု ၁၆အုပ်စုအတိုင်းကာကွယ် ဆေးဆက်လက်ထိုးနှံပေးလျက်ရှိရာနေ့စဉ်ကာကွယ်ဆေးလာရောက်ထိုးနှံသူများပြားလျက်ရှိပြီးတစ်ရက်လျင်ပျမ်းမျှဦးရေ၁၆၀၀ကျော်လာရောက်ထိုးနှံလျက်ရှိကြောင်း၊ ကိုဗစ် ၁၉ရောဂါ ကာကွယ်ဆေးကို တတိယ အသုတ်အဖြစ် စက်တင်ဘာ၁၄ရက်မှစ၍ ပထမအကြိမ်ထိုးနှံပေးခဲ့ရာ ယနေ့နဝမမြောက် နေ့တွင်လည်းသတ်မှတ်ထားသောနေရာများ၌ ဆက်လက် ထိုးနှံပေးနေပြီး မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအသီးသီးရှိ ဆေးထိုးစုရပ်၈ခုတို့၌ အသက်၁၈နှစ်အထက်ဒေသခံပြည်သူ၊ ၁၅၅ဦး၊ နိုင်ငံ့ဝန်ထမ်း၂၅ ဦး၊ ကုန်စုံဆိုင် များစျေးများမှ စျေးရောင်းသူ၁၂ဦးနှင့် အသက်၅၅နှစ်အထက် ဒေသခံတိုင်းရင်းသားပြည်သူ ၁၈ဦးစုစုပေါင်း ၂၁၀ဦး အတ္တရံခန်းမဆေးထိုးစုရပ်၌ ထိုးနှံပေးခဲ့ရာ မြို့နယ်ကိုဗစ် ၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံပြန်ရေးကော်မတီ ဥက္ကဋ္ဌ ကျော်စိုးဦး နှင့်ဌာနဆိုင်ရာဝန်ထမ်းများက သက်ဆိုင်ရာဆေးထိုးစုရပ်များတွင် အသီးသီး ပူးပေါင်း ပါဝင်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ကျိုက်မရောမြို့နယ်တွင် တတိယအသုတ် ကာကွယ်ဆေးပထမအကြိမ်ထိုးနှံ ပေးပြီးသူယနေ့ ထိ(၁၂၀၀၅)ဦးရှိပြီးဖြစ်ကြောင်းသိရသည်
ချိုမြတ်မြတ်ထွေး (ပြန်/ဆက်)