မင်းပြား စက်တင်ဘာ ၂၂
ရခိုင်ပြည်နယ်၊မြောက်ဦးခရိုင်၊မင်းပြားမြို့နယ်အတွင်းရှိ အသက်(၅၅)နှစ်အထက် ပြည်သူများနှင့် ဦးတည်အုပ်စုများအားကိုဗစ်-၁၉ရောဂါကာကွယ် ဆေးဆက်လက်ထိုးနှံခြင်းကို ယနေ့ နံနက်(၉) နာရီအချိန်ကစတင်ပြီးမင်းပြားမြို့နယ် ၊ပြည်သူ့ဆေးရုံ၊ ရာမောင်ခန်းမနှင့်ကျေးလက်ကျန်းမာရေး ဌာန စုရပ်များ၌ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ ကြောင်းသိ ရသည်။
ထိုသို့ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ဆေးများထိုးနှံရာ၌ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးစိုးမိုး၏ စီစဉ်လမ်းညွန်ဆောင်ရွက်မှုဖြင့် မြို့နယ်ကျန်းမာရေးဦးစီး ဌာနမှူး ဒေါက်တာနေဝင်းထွန်း ဦးဆောင်၍ကျန်းမာရေးဝန်ထမ်းများ၊မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ ကြက်ခြေနီ တပ်ဖွဲ့ ဝင်များ၊ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများပူးပေါင်းပြီး ကိုဗစ်-၁၉ ရောဂါကူးစက် ပြန့်ပွားမှုမှ လျော့ချနိုင်ရန်အတွက်ကျန်းမာရေးဝန်ထမ်းများကကာကွယ်ဆေးမထိုးမီလိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှုများဖြစ်သည့် ကိုယ် အပူချိန် တိုင်း တာပေးခြင်း၊ သွေးပေါင်းချိန်တိုင်းတာပေးခြင်းနှင့် ပုံမှန်အနေအထားရောက်မှသာကာကွယ်ဆေးထိုးနှံမည်ဖြစ်ပြီးနောက် ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ် ဆေးထိုးနှံပြီးသူများကိုမိနစ်(၃၀)ခန့်အနားယူစေခြင်းများအားစီစဉ်ဆောင်ရွက် ပေးလျက် ရှိရာပြည်သူအများအပြားစိတ်ဝင်စားစွာလာရောက်ထိုးနှံကြကြောင်သိရသည်။
သိန်းနုအောင်