စစ်ကိုင်းမြို့တွင် ခရိုင်အဆင့် GENDER / CEDAW / NSPAW အသိပညာပေးသင်တန်းဖွင့်ပွဲကျင်းပ

စစ်ကိုင်း         စက်တင်ဘာ    ၂၂

 

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့တွင်   ခရိုင်အဆင့် GENDER  / CEDAW / NSPAW အသိပညာပေး သင်တန်းကို စက်တင်ဘာလ ၂၂ ရက်နေ့ ၊ နံနက် ၁၀ နာရီအချိန် မှ ၁၂နာရီအချိန် အထိ စစ်ကိုင်းခရိုင်လူမှုဝန်ထမ်းရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

 

ရှေးဦးစွာ စစ်ကိုင်းခရိုင်လူမှုဝန်ထမ်းရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာဝင်းက မြန်မာနိုင်ငံရှိ အမျိုးသမီးများအားလုံးသည် နိုင်ငံတော်အစိုးရ၏ ပံ့ပိုးမှုဖြင့် စွမ်းဆောင်ရည်မြင့် မားလာ ပြီး ၎င်းတို့၏ အခွင့်အရေး ရပိုင်ခွင့်များကို အပြည့်အဝ ခံစားရရှိနိုင်စေရန်၊ အမျိုးသမီးတို့၏ ဘဝဖွံ့ဖြိုး တိုးတက်ရေး ၊ ကျား/မရေးရာ တန်းတူညီမျှ ရေးနှင့် အမျိုးသမီးများ၏ အခွင့်အရေးများကို အသိအမှတ်ပြု နားလည်လက်ခံစေနိုင်မည့် လုပ်နည်းစနစ်များ၊ ဖွဲ့စည်းပုံနှင့် လုပ်ထုံးလုပ်နည်း များကို သိရှိနိုင်စေ ရန် ရည်ရွယ်ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။

 

ထို့နောက်သင်တန်းကိုဆက်လက်ပို့ချဆွေးနွေးရာတွင် မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီ ၏ မူဝါဒ (၄) ရပ်၊ အမျိုးသမီး/အမျိုးသား ကွဲပြားမှုကြောင့် ဖြစ်ပေါ်လာသော အကြမ်းဖက်မှု များ၊ အမျိုးသမီးများကို ထိခိုက်နစ်နာစေမှုများ၊ အကြမ်းဖက်မှု ဖြစ်ပွားရခြင်း၏ အဓိကအကြောင်း အရင်းများ၊ အကျိုးဆက်များ၊ အမျိုးသမီးများအပေါ် အကြမ်းဖက်ခြင်းအား နည်းလမ်း(၃) သွယ်ဖြင့် ဖြေရှင်းဆောင်ရွက်ခြင်းများ၊ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂ သဘောတူစာချုပ် CEDAW ၏ ဖွဲ့စည်းပုံနှင့် အဓိကစည်းမျဉ်းများ၊ အဖွဲ့ဝင်နိုင်ငံများ ၏တာဝန်ဝတ္တရားများ၊ ကျား/မ လူမှုရေးရာခွဲခြားမှုအပေါ် အခြေခံသည့် အကြမ်းဖက်မှု အမျိုးအစား များ၊ အကြမ်းဖက်မှုနှင့်ပြစ်မှု၊ ပြစ်ဒဏ်များ၊ အကြမ်းဖက်မှု ကာကွယ်တားဆီးရေးနှင့် တုန့်ပြန်ဆောင် ရွက်ရေး ဝန်ဆောင်မှုလုပ်ငန်းများကို ဆွေးနွေးပို့ချခဲ့ပါသည်။

 

အဆိုပါ သင်တန်းကို ခရိုင်အတွင်းရှိ အမျိုးသမီးကော်မတီဥက္ကဌနှင့် အဖွဲ့ဝင်များ၊  လူမှုရေးလုပ်ငန်း ဆောင်ရွက်နေကြသော အမျိုးသမီးကော်မတီအဖွဲ့ဝင်များ၊  မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းအဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများ(၃၀)ဦး တက်ရောက်ခဲ့ကြပြီး တက်ရောက်လာသော အဖွဲ့အစည်းအသီးသီးမှ အပြန်အလှန်မေးခွန်းများဖြင့် ဆွေးနွေး ခဲ့ကြကြောင်းသိရှိရပါသည်။

 

အိသက်ခိုင်