မုဒုံမြို့နယ် မြန်မာ့စီးပွာရေးဘဏ်ခွဲတွင် အငြိမ်းစားပင်စင်လစာငွေများထုတ်​ပေး လျက်ရှိ

 

မုဒုံ  စက်တင်ဘာ   ၂၂

 

မွန်ပြည်နယ် မုဒုံမြို့နယ်   မြန့်မာ့စီးပွာရေးဘဏ်ခွဲတွင် ပင်စင်စားများအား ပင်စင်လစာငွေများကို ယမန်နေ့ နံနက် (၈) နာရီအချိန်ခန့်က စတင်ကာ ထုတ်ပေး လျက်ရှိသည်။

အဆိုပါ ပင်စင်လစာငွေများ ထုတ်ယူရာတွင် အဆင်ပြေစေရေးအတွက် စက်တင်ဘာလ (၂၁) ရက်နေ့မှ (၂၉) ရက်နေ့အထိ  မုဒုံမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများမှ ပင်စင်စားများအား နေ့စဉ် နံနက် (၈)နာရီ မှ ညနေ (၃) နာရီအထိ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် နိုင်ရေး စည်ကမ်းချက်များနှင့် အညီ ထုတ်ပေးလျက်ရှိသည်။

ထို့ပြင်   ဘဏ်လာရောက်သူများအား    ပါးစပ်နှင့် နှာခေါင်းစည်း(Mask)ကို စနစ်တ ကျ တပ်ဆင်လာခြင်း၊ အသက်ကြီးသူများတို့ကို    ဦးစားပေးခြင်းဖြင့် ပူးပေါင်း ဆောင် ရွက်ပေးကြပါရန် ကြိုတင်မေတ္တာရပ်ခံ ပန်ကြားထားကြောင်း၊  သတ်မှတ်ရက်များ၌  လာရောက်မထုတ်ယူနိုင်သော ပင်စင်စားများအား အောက်တိုဘာ လဆန်ပိုင်းတွင် ဘဏ်လုပ်ငန်းချိန်အတွင်း  လာရောက်ထုတ်ယူနိုင်ပြီး  မုဒုံမြို့နယ်  မြန်မာ့စီးပွားရေး ဘဏ်ခွဲတွင် ပင်စင်လာရောက်ထုတ်ယူသူ (၂၇၈၀)ဦး ရှိကြောင်း သိရသည်။

 

အောင်မျိုးသူ