ဒဂုံဆိပ်ကမ်း စက်တင်ဘာ ၂၂
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယနေ့နံနက် (၉:၃၀)အချိန်၌ ရန်ကုန်တိုင်းဒေသကြီး လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်ခံရမှု ပြန်လည်စိစစ်ရေးကော်မတီမှ မူလပိုင်ရှင်အား နစ်နာကြေး/လျော်ကြေးငွေ ပေးအပ်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ရန်ကုန်အရှေ့ပိုင်းခရိုင်၊ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှု ပြန်လည်စိစစ်ရေးကော်မတီဥက္ကဋ္ဌ ဦးထူးလွင်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ တိုင်းပညာရေးမှူးရုံး၊ ဦးစီးအရာရှိ ဦးအေးမင်းမှ လျော်ကြေးငွေကိစ္စနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး၊ ဒဂုံဆိပ်ကမ်း မြို့နယ် အမှတ်(၂) အခြေခံပညာ အထက်တန်း ကျောင်းမြေနေရာအတွက် မူလလယ်သမား တောင်သူဦးခင်၀င်းအား မြေဧရိယာ(၁.၅၀) ဧကအတွက် လျော်ကြေးငွေသိန်း (၁၅၀)ကျပ် ပေးအပ်ခဲ့ကြောင်း၊ တောင်သူဦးခင်၀င်းမှ လျော်ကြေးငွေရရှိမှုအတွက် ကျေးဇူးတင်ကြောင်း ပြန်လည် ပြောကြားခဲ့သည်ဟု သတင်းရရှိပါသည်။
အဆိုပါ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထူးလွင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်၊ အဖွဲ့၀င်(၁) ဗိုလ်မှူးနေ၀င်းအောင်၊ တိုင်းပညာရေးမှူးရုံးမှ ဦးစီးအရာရှိ ဦးအေးမင်း၊ မြို့နယ်ပညာရေးမှူး ဒေါ်အေးမာလွင်နှင့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
လဲ့လဲ့