ကံမမြို့နယ်၌ ဦးစားပေးအုပ်စုများအလိုက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးဆက်လက်ထိုးနှံပေး


ကံမ စက်တင်ဘာ ၂၂

 

မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့နယ် ဦးစားပေးအုပ်စုများဖြစ်သည့် အသက်(၅၅)နှစ် အထက်ရှိသူများ၊နာတာရှည်ရောဂါသည်များ၊ မသန်စွမ်းသူများအား သတ်မှတ်ဆေးထိုး စုရပ်အသီးသီး၌ တာဝန်ရှိသူများက တစ်ပြိုင်နက်တည်း ကိုးဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharn အားဆက်လက် ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

 

ထိုသို့ကာကွယ်ဆေးထိုးနှံပေးခြင်းကို ကိုဗစ်-၁၉ရောဂါကာကွယ်ရေးနှင့် တုန့်ပြန်ရေးကော်မတီ ဦးဆောင်မှုဖြင့် မြို့နယ်ကျန်းမာရေးဝန်ထမ်းများ ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ ၊စေတနာ့ ဝန်ထမ်းများ ပူးပေါင်းပြီးယနေ့နံနက် ၈ နာရီက မြို့နယ်သာသနာ့ဗိမာန်နှင့် ကျေးရွာများရှိ ဆေးထိုးစုရပ် များတွင် သတ်မှတ်အုပ်စုအလိုက်ဦးစားပေးအစီအစဉ်အတိုင်း ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ရောဂါကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ စနစ်တကျဆက်လက် ထိုးနှံပေးလျက်ရှိ ကြောင်းသိရသည်။

 

 ကျော်ဇေယျဝင်း(ကံမ)