မော်လမြိုင်ကျွန်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်ခွဲတွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်း ဦးရေ (၁၆၆၈) ဦးအတွက်  ပင်စင်လစာငွေများ ထုတ်ပေးလျက်ရှိ

မော်လမြိုင်ကျွန်း စက်တင်ဘာ  ၂၂     

မော်လမြိုင်ကျွန်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်ခွဲတွင် ယမန်နေ့နံနက် (၉)နာရီမှ စတင်ကာ အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော စည်းကမ်းချက်များနှင့်အညီ အလှည့်ကျစနစ်ဖြင့်စနစ်တကျ ထုတ်ပေးလျက်ရှိ‌ ကြောင်းသိရှိရသည်။

မြို့နယ်အတွင်းရှိ ပင်စင်လစာထုတ်ယူမည် အငြိမ်းစားဝန်ထမ်းများမှာ မြို့ပြပင်စင် (၁၀၅၉) ဦး၊ နိုင်ငံရေးပင်စင် (၂၆၇) ဦး၊ ကာကွယ်ရေးပင်စင် (၃၄၂) ဦး စုစုပေါင်း (၁၆၆၈) ဦး ရှိပါသည်။ အဆိုပါ ပင်စင်စားဝန်ထမ်းများအား လူစုလူဝေးမဖြစ်ပေါ်စေရန် မြို့နယ်မြန်မာ့စီးပွားရေး ဘဏ်ခွဲနှင့် (၁၄) လမ်း အခြေခံပညာမူလတန်းကျောင်းတွင် (၂) နေရာခွဲ၍ အလှည့်ကျစနစ်ဖြင့် ထုတ်ပေးလျှက်ရှိပါသည်။

ထိုသို့ ပင်စင်လစာငွေများထုတ်ပေးရာတွင် သက်ကြီးအငြိမ်းစား ဝန်ထမ်းများအတွက် နားနေရန်နေရာ သတ်မှတ်ပေးထားခြင်း၊ ဘဏ်ဝန်ထမ်းများက အပူချိန်တိုင်းတာခြင်း၊ လက်သန့်ဆေးရည်ဖြင့် စနစ်တကျလက်ဆေးခြင်း၊ ပါးစပ်နှင့်နှာခေါင်းစည်း Mask စနစ်တကျ တပ်ဆင်ခြင်းတို့ ဆောင်ရွက်လျက်ရှိပြီး ပင်စင်လစာများကို စက်တင်ဘာ (၂၁)ရက်မှ (၃၀)ရက်အထိ ဘဏ်ဖွင့်ချိန်အတွင်း ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ကြောင်း မြန်မာ့စီးပွားရေးဘဏ်ခွဲ မန်နေဂျာ ဒေါ်‌လေးလေးမော်ထံမှ သိရှိရသည်။

အောင်အောင်