ဒီပဲယင်းမြို့နယ်တွင် ကိုဗစ်-၁၉ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသူများအား ဒုတိယ အကြိမ်မြောက် မြို့နယ်ပြည်သူ့ဆေးရုံတွင် ဆက်လက်ထိုးနှံပေး

ဒီပဲယင်း စက်တင်ဘာ ၂၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ်အတွင်းရှိ ရပ်ကွက်များနှင့် ကျေးရွာများ အတွင်းရှိ ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးသော အသက် ၆၅ နှစ်နှင့်အထက် ပုဂ္ဂိုလ်များ၊ သာသနာဝန်းထမ်း ရဟန်းတော်များ၊ သီလရှင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုကူညီရေး စေတနာ့ဝန်ထမ်း (volunteer)များနှင့် ရပ်ကွက်/ကျေးရွာ ပြည်သူများအား  မြို့နယ်ပြည်သူ့ဆေးရုံတွင် တနင်္လာနေ့မှ သောကြာနေ့အထိ ဒုတိယအကြိမ် ထိုးရန် ကျန်ရှိသူများအား ဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းဆောင်ရွက်မှုတွင်   ကျန်းမာရေးဝန်ထမ်းများ ကာကွယ်ဆေး မထိုးမီ ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်းနှင့် သွေးအတွင်း အောက်ဆီဂျင်ပါဝင်မှု ပမာဏတိုင်းတာခြင်းများ စနစ်တကျဆောင်ရွက်ပြီးမှသာ ကိုဗစ်-၁၉ ကာကွယ်ဆေးကို ထိုးနှံပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက် )