နတ်မောက် စက်တင်ဘာ ၂၂
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် နိုင်ငံသားတိုင်း နိုင်ငံသားစိစစ်ရေးကတ်များ ရရှိစေရန် အတွက် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဆောင်ရွက် ပေးလျက်ရှိသည့် ပန်းခင်းစီမံချက်ဖြင့် ကျောက်တံခါးကျေးရွာရှိဒေသခံပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များပြုလုပ်ပေးခြင်းကို ယမန်နေ့နံနက် (၉)နာရီအချိန်ခန့်ကကျောက်တံခါးကျေးရွာ သို့ သွားရောက်ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ဆောင်ရွက်ပေးခဲ့ရာ ၃ (က) ဖြင့်နိုင်ငံသားစိစစ်ရေးကတ်ပြုလုပ်သူ ကျား (၁၁) ဦး ၊ မ( ၉)ဦး၊ ၆ (က) ဖြင့်နိုင်ငံသားစိစစ်ရေးကတ်ပြုလုပ်သူ ကျား(၁) ဦး ၊ မ (၁) ဦးစုစုပေါင်း (၂၂)ဦးပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါဆောင်ရွက်ပေးရာတွင် လက်ရှိဒေသ၌အမြဲနေထိုင်ပြီး အိမ်ထောင်စုလူဦးရေစာရင်းရှိပြီး နိုင်ငံသား စိစစ်ရေးကတ်မရှိသေးသူများ၊ လက်ရှိဒေသသို့တခြားဒေသမှ ပြောင်းရွှေ့နေ ထိုင်သူများတွင် မူလဒေသ၌ အိမ်ထောင်စုလူဦးရေစာရင်းရှိပြီး နိုင်ငံသားစိစစ်ရေးကတ်မရှိသေးသူများ၊ ရွှေ့ပြောင်းနေထိုင်သူများအနက် မူလဒေသတွင်လည်း အိမ်ထောင်စုလူဦးရေစာရင်းမရှိ၊ နိုင်ငံသားစိစစ်ရေးကတ်များလည်းမရှိသေးသူများ အား ဥပဒေနှှင့်အညီဖြေလျှော့မှုများဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
သင်းသင်းမြတ်