သာပေါင်းမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း (၂၅၂)ကျောင်းတွင် ဝါဆိုဝါကပ်တော်မူကြသည့် ဆရာတော် သံဃာတော်အရှင်သူမြတ်များနှင့် သီလရှင်များအား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲများ ဆက်ကပ်လှူဒါန်း

သာပေါင်း စက်တင်ဘာ ၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း (၂၅၂) ကျောင်းရှိ ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များနှင့် သီလရှင်များအား မြိုနယ်စီမံအုပ်ချုပ်ရေး အဖွဲ့မှ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲများ ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို စက်တင်ဘာလ ၂၀ ရက်နေ့  နံနက် ၉ နာရီအချိန်က ပြည်အေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ လှူဒါန်းဆက်ကပ်ပွဲ အခမ်း အနားကို "နမောတဿ" သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ပြီး မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော်နှင့် သံဃာတော်အရှင်သူမြတ်များအား ကြွရောက်လာကြသော ဧည့်ပရိတ်သတ် အပေါင်း တို့မှ ဩကာသ ကန်တော့ချိုးဖြင့် ညီညာဖြဖြ ရှစ်ခိုးကန်တော့ကြသည်။ 

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့် အဖွဲ့ဝင်များက ဘုန်းတော်ကြီး ကျောင်း (၂၅၂)ကျောင်းရှိ ဝါဆိုဝါကပ်တော်မူကြသည့် ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များနှင့် သီလရှင် (၈၇၈)ပါးတို့အတွက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ မြို့နယ်ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် အလှူရှင်များ စုပေါင်းလှူဒါန်းသော ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲများအား ဆက်ကပ်လှူဒါန်းခဲ့ကြပြီး မှန်စီပရိယတ္တိစာသင်တိုက် ပဓါနနာယက ဆရာတော် ဦးသောဘနထံမှ လှူဖွယ်အစုစုတို့အား ရေစက်သွန်ချ သာဓုအနုမောဒနာတရား နာယူခဲ့ကြကြောင်း သိရသည်။