ဝါးခယ်မမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် ကျေးရွာနေပြည်သူများကို အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား များ ထုတ်ပေးနိုင်ရေးဆောင်ရွက်

ဝါးခယ်မ  စက်တင်ဘာ  ၂၁

ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီး ဌာနမှ မြို့နယ်ဦးစီးမှူးဦးကျော်စိုးမှဦးဆောင်၍ ဝန်ထမ်းများက ဗမော်ကျေးရွာ အုပ်စုရှိကျေးရွာနေပြည်သူများအား အိမ်ထောင်စုလူ ဦးရေစာရင်းနှင့် နိုင်ငံသားစီစစ်ရေးကတ်ပြားထုတ်ပေးနိုင်ရေးကို ယနေ့ နံနက် ၈နာရီမှစတင်၍ အဆိုပါရုံးတွင် ကိုဗစ်-၁၉ စည်းကမ်း ချက်များနှင့်အညီ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ဗမော်ကျေးရွာ အုပ်စုရှိကျေးရွာနေ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ် အသက် (၁၀)နှစ် ပြည့်(၁၁)ကတ်၊ အသက် (၁၈)နှစ်ပြည့် (၁၁)ကတ်၊ မိတ္တူ()ကတ်၊ စုစုပေါင်း(၂၇)ကတ်နှင့် ရွှေ့ပြောင်းအိမ်ထောင်စုဦးရေစာရင်း (၁၅)ခု ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

ပန်းခင်းစီမံချက်ဖြင့် ဝါးခယ်မမြို့နယ်အတွင်း အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားထုတ်ပေးခြင်းလုပ်ငန်းများကို ၂၀၂၁ခုနှစ်၊ မေလ ()ရက်နေ့မှ စတင်ကာ ၂၀၂၂ခုနှစ်၊ နိုဝင်ဘာလ ()ရက်နေ့ အထိ (၁၈) လကြာဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ကျန်ရှိနေသော ဌာနဆိုင်ရာ၊ ရပ်ကွက်နှင့်ကျေးရွာ အုပ်စုများအား ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ 

စောသန္တာဦး(ပြန်/ဆက်)