ရိခေါ်ဒါရ် သြဂုတ် ၁၅
ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲအတွက် ပထမအကြိမ်မဲဆန္ဒရှင် စာရင်းကို ပြီးခဲ့သည့် ဇူလိုင် ၂၅ ရက်မှစ၍ အမှတ်(၁)ရပ်ကွက်နှင့် အမှတ် (၂)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများ၌ ကပ်ထားကြေညာခဲ့ရာ မဲဆန္ဒရှင်ဦးရေ ၃၃၀၀ ဦးကျော်ရှိရာ သြဂုတ် ၁၄ ရက်အထိ မဲဆန္ဒရှင်များ မဲစာရင်းလာရောက်ကြည့်ရှုသူပေါင်း ၂၈၆၂ ဦးရှိကြောင်း ရပ်ကွက် (၂)ခု စာရေးများထံမှ သိရသည်။
မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာထားရှိမှုအပေါ် ပုံစံ ၃ ဖြင့် တောင်းဆိုသူ ၁၈၃ ဦး၊ ပုံစံ ၄ ဖြင့် ကန့်ကွက်မှု ၂၉ ဦးနှင့် ပုံစံ ၄-ဂ ဖြင့် အချက်အလက်ပြင်ဆင်မှု ၁၂ ဦး ရှိကြောင်း ရပ်ကွက်စာရေးများထံမှ သိရသည်။
ရိခေါ်ဒါရ်မြို့၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင် ၃၃၀၀ ကျော်အတွက် မဲရုံ လေးရုံ ဖွဲ့စည်းထားပြီး အမှတ်(၁)ရပ်ကွက်၌ မဲဆန္ဒရှင် ၇၆၆ ဦးအတွက် မဲရုံ (၁)ရုံနှင့် အမှတ်(၂) ရပ်ကွက်၌ မဲဆန္ဒရှင် ၂၅၀၀ ဦးကျော်အတွက် မဲရုံ သုံးရုံဖွဲ့စည်းထားကြောင်း သိရသည်။
လာလ်ပက်လောမ် (ပက်ကာ)