ဘုတ်ပြင်းမြို့နယ်၌ ငွေကြေးခဝါချမှုနှင့်စပ်လျဉ်းသည့် အခွန်တိမ်းရှောင်မှုဆိုင်ရာ ဆွေးနွေးပွဲပြုလုပ်ကျင်းပ

ဘုတ်ပြင်း   ဩဂုတ်  ၁၅ 

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ်တွင် ပြည်တွင်းအခွန်များဦးစီး ဌာနမှ ဦးဆောင်၍ ငွေကြေးခဝါချမှုနှင့်စပ်လျဉ်းသည့် အခွန်တိန်းရှောင်မှုဆိုင်ရာ ဆွေးနွေးပွဲကို ယနေ့ နံနက်(၁၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သပြေခန်းတွင် ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်မျိုးအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး            မြို့နယ်ပြည်တွင်း အခွန်များ ဦးစီးဌာန မြို့နယ်အခွန်ဦးစီးဌာနမှူး ဦးသန်းဌေးက မြန်မာနိုင်ငံတွင် အတည်ပြုပြဌာန်း ထားသည့် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေအရ အခွန်တိမ်းရှောင် မှုများနှင့် အခြားအခွန်များဆိုင်ရာ မှုခင်းများနှင့်သက်ဆိုင်သည့် ပြစ်မှုများ၊ ပြစ်ဒဏ်များ ၊ ငွေကြေးခဝါချမှု နှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တားဆီးကာကွယ်ရေးနှင့် တိုက်ဖျက်ရေး ဆောင်ရွက်ရာတွင် ပိုမိုထိရောက်တိုးတက်မှုကို ပြသနိုင်ရန်အတွက် ငွေကြေးဆိုင်ရာ အရေးယူ ဆောင်ရွက်ရေးအဖွဲ့၏ လိုက်နာအကောင်အထည်ဖော်ဆောင်ရွက်ရမည့်အစီအမံများ၊ ပြည်တွင်း အခွန်များ ဦးစီးဌာနမှ ဆောင်ရွက် ရမည့်(Action Plan) ဖြစ်တဲ့  အခွန်တိမ်းရှောင်မှုဆိုင်ရာ ဆွေးနွေးပွဲပြုလုပ်ရသည့် ရည်ရွယ် ချက်များကို ရှင်းလင်းဆွေးနွေးပြောကြားသည်။

ထို့နောက် ဆွေးနွေးပွဲတက်ရောက်လာကြသည့် မြို့နယ်အဆင့်တွင်ဌာနချင်းလုပ်ငန်းဆက်စပ်မှု     ရှိသော မိတ်ဖက်ဦးစီးဌာနများ နှင့်အခွန်ထမ်းပြည်သူများက သိလိုသည်များကို မေးမြန်းဆွေးနွေးရာ မြို့နယ်အခွန်းဦးစီးဌာနမှူးက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

သန်းထွန်းဦး (ပြန်/ဆက်)