မိုင်းနောင်မြို့မင်္ဂလာရန်အောင်ကျောင်း Quarantine Center ဝင်ရောက်နေသူအား တစ်ကိုယ်ရည်သုံးပစ္စည်း သွားရောက်ထောက်ပံ့

မိုင်းနောင် သြဂုတ်  ၁၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့ မင်္ဂလာရန်အောင်ကျောင်းတွင် Quarantine Center ဝင်ရောက်နေသူ (တစ်ဦး)အား နမ့်ခုံးရှမ်းများ ပရဟိတအသင်း(ဗဟို)၊ တောင်ကြီးမြို့၏ ထောက်ပံ့မှုဖြင့် မိုင်းနောင်နမ့်ခုံးရှမ်းများပရဟိတ အသင်းခွဲမှ တစ်ကိုယ်ရည်သုံး အသုံးအဆောင်ပစ္စည်းများကို ယနေ့နံနက်(၉)နာရီအချိန်က သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

ထိုသို့သွားရောက်ထောက်ပံ့ရာတွင် မိုင်းနောင်နမ့်ခုံးရှမ်းများပရဟိတအသင်းခွဲမှ အသင်းဝင်များသည် ထိုင်းနိုင်ငံမှ ပြန်လည်ရောက်ရှိနေသူ နေရပ်ပြန် အမျိုးသမီးအား သွားရောက်အားပေးခြင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သတ်မှတ်ထားသော စည်းကမ်းချက်များအား ရှင်းလင်းပြောကြားခြင်း ၊Quarantine ရက်ပြည့်မြောက်၍မိမိနေအိမ်သို့ ပြန်လည်ရောက်ရှိပါက စနစ်တကျနေထိုင်ရန်နှင့် အခက်အခဲတစ်စုံတစ်ရာရှိပါက လာရောက်ဆွေးနွေးနိုင်ရန် အသိပေးပြောကြားခဲ့ကြောင်း သိရသည်။

မိုင်းနောင် ပြန်/ဆက်