မိုင်းငေါ့ ဩဂုတ် ၁၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် မိုးရာသီကာလ၌ ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများနှင့် ပတ်ဝန်းကျင် သန့်ရှင်းရေး အသိပညာပေး လုပ်ငန်းများကို ယနေ့ နံနက်(၈) နာရီ အချိန်က မိုင်းငေါ့မြို့မန်လုံရပ်ကွက် ဟိုဖိုင်၊ ဆွတ်လွေးကျေးရွာများသို့ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့သို့ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်းထမ်းများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ ကျေးရွာအတွင်း အိမ်သုံးရေကန်နှင့် ရေအိုးများတွင် ပိုးလောက်လန်းများ မပေါက်ပွားစေရေးအတွက် ဖုံး ၊ သွန် ၊ လဲ ၊ စစ် လုပ်ငန်းများနှင့်ပတ်ဝန်းကျင်သန့်ရှင်းရေး အသိပညာပေးခြင်း လုပ်ငန်းများကို တစ်အိမ်တက်ဆင်း ကွင်းဆင်းဆောင်ရွက် ခဲ့ကြောင်း သိရသည်။
မြင့်သွယ်(မိုင်းငေါ့ ပြန်/ဆက်)