ရိခေါ်ဒါရ် သြဂုတ် ၁၅
ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ရိခေါ်ဒါရ်မြို့တွင် လာမည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် အတွက် အရပ်ရပ်အခွင့်အရေး လိုင်စင်လုပ်ငန်း လေးမျိုးအား သြဂုတ် ၂၁ ရက် နံနက် ၁၀ နာရီအချိန်တွင် ချိတ်ပိတ်တင်ဒါစနစ်ဖြင့် စည်ပင်သာယာရေးအဖွဲ့ရုံး၌ လေလံရောင်းချမည်ဖြစ်ကြောင်း ရိခေါ်ဒါရ်မြို့ စည်ပင်သာယာရေးအဖွဲ့ရုံးမှ သတင်းရရှိသည်။
အဆိုပါ အရပ်ရပ်အခွင့်အရေးလုပ်ငန်းလိုင်စင်၌ အမဲသားသတ်လိုင်စင်အတွက် ကြမ်းခင်းစျေး ကျပ် ၅၀၃၀၀၀၀/- (စားပွဲတင်အာမခံကြေး- ၂၅၁၅၀၀၀/-)၊ ဝက်သားသတ်လိုင်စင်အတွက် ကြမ်းခင်းစျေး ကျပ် ၁၇၁၆၀၀၀၀/- (စားပွဲတင်အာမခံကြေး- ၈၅၈၀၀၀၀/-)၊ မြို့ဝင်ဘီးကောက် လိုင်စင်အတွက် ကြမ်းခင်းစျေး ကျပ် ၁၂၀၁၂၅၀၀/-(စားပွဲတင်အာမခံကြေး- ၆၀၀၆၂၅၀/-)နှင့် စျေးကောက်လိုင်စင်အတွက် ကြမ်းခင်းစျေး ကျပ် ၂၆၀၀၀၀/- (စားပွဲတင်အာမခံကြေး- ၁၃၀၀၀၀/-) တို့ဖြစ်ကြောင်း သိရသည်။
အရပ်ရပ်အခွင့်အရေးလုပ်ငန်းလိုင်စင်နှင့်ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရေးအတွက် ကြော်ငြာစာများကို ရိခေါ်ဒါရ်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ စည်ပင်သာယာရေးအဖွဲ့ရုံး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ အမှတ်(၁)နှင့် အမှတ်(၂)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ကြော်ငြာပြဘုတ်များတွင် ကပ်ထားကြော်ငြာထားပြီး ၎င်းလုပ်ငန်းလိုင်စင်ကိစ္စအသေးစိတ်သိရှိလိုပါက ရိခေါ်ဒါရ်မြို့စည်ပင်သာယာရေးရုံး၊ ဖုန်းအမှတ် - ၀၉၄၀၀၃၁၁၇၅၅ နှင့် ၀၉၆၇၇၀၄၄၂၈၉ သို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်း သိရသည်။
လာလ်ပက်လောမ် (ပက်ကာ)