သံဖြူဇရပ် စက်တင်ဘာ ၂၀
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်တွင် နှစ်စဉ် ကျင်းပသည့် ပျားရည်နှင့်ဆွမ်းဆန် စိမ်းလောင်းလှူပွဲကို ယနေ့နံနက်ပိုင်းက ကျိုက္ခမီဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်ပြီ ကိုဗစ် - ၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ သွားရောက် လှူဒါန်းခဲ့သည်။
ထိုသို့လှူဒါန်းရာတွင် ဘုန်းတော်ကြီးကျောင်း (၅၈)ကျောင်းမှ သံဃာတော် စုစုပေါင်း(၄၇၁)ပါး တို့ကို ပျားရည်နှင့် ဆွမ်းဆန်စိမ်းလောင်းလှူခြင်းကို သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့ ဆုတောင်းပြည့် ရေလယ်ဆံတော်ရှင်မြတ်ဘုရား ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့မှကြီးမှူး၍ ကျပ်သိန်း(၁၇၀) တိတိကို ကျိုက္ခမီတိုက်နယ်ကိုယ်စား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မိုးလွင်နှင့် ဇနီး၊ မြို့နယ် သာသနာရေးမှူးတို့က ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)