ပန်းတနော် ဩဂုတ် ၁၅
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စက်မှုလယ်ယာဦးစီးဌာန စက်မှုလယ်ယာစခန်း ပန်းတနော်မြို့၌ ယနေ့ နံနက် ၁၀ နာရီက လယ်ယာသုံး စက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု (အခြေခံ)သင်တန်း ဖွင့်ပွဲအခမ်းအနားကို ကျုံတိုင်းကလေးကျေးရွာအုပ်စု သက္ကယ်ကုန်းကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ စက်မှုလယ်ယာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဝင်းဆွေက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ဦးစီးဌာနမှူး ဦးကျော်ကျော်သက်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။
ထို့နောက် စက်မှုလယ်ယာဦးစီးဌာနဦးစီးမှူး ဦးအောင်ကျော်မိုးက သင်တန်းတွင် တောင်သူများ လက်ဝယ်ပိုင်ဆိုင်အသုံး ပြုလျက်ရှိသော တန်ဖိုးကြီးမြင့်သည့်စက်များကို စနစ်တကျမောင်းနှင်ထိန်း သိမ်းတတ်စေရန်နှင့် နေ့စဉ်၊ အပတ်စဉ် နာရီအလိုက် ထိန်းသိမ်းရမည့် လုပ်ငန်းစဉ်များ သိရှိနားလည်စေရန် အတွက် ဖွင့်လှစ်ရခြင်းဖြစ်ကြောင်းနှင့် စာတွေ့လက်တွေ့ သင်ကြားပေးမည် ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
သင်တန်း၌ မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၃ ) အုပ်စုမှ တောင်သူသင်တန်းသား(၂၉ )ဦး တက်ရောက်ပြီး သင်တန်းကာလမှာ သြဂုတ်လ ၁၅ရက်နေ့မှ ၂၈ရက်နေ့အထိ (၂)ပတ်ကြာ ကြာမြှင့်မည် ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)