ကျိုက်မရော စက်တင်ဘာ ၂၀
မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ် ဦးစီးမှူးရုံးမှ ဦးစီးမှူးနှင့်ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကိုကျေးရွာ အရောက် ကွင်းဆင်း၍နေ့ချင်းပြီး ဆောင်ရွက်ပေးလျက်ရှိရာယနေ့မွန်းလွဲ၂နာရီက ဘိန်းဗျောကျေးရွာ၊ အုပ်ချုပ်းရေးမှူးရုံး၌ ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်း ဆောင်ရွက်ပေးရာ၌ လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အား ဦးစီးမှူးရုံး ဦးစီးအရာရှိ ဦးကိုကိုလွင်နှင့် ဝန်ထမ်းများက ဘိန်းဗျော ကျေးရွာအတွင်းရှိ အသက် ၁၆ နှစ်နှင့်အထက် နိုင်ငံသား စိစစ်ရေး ကတ်ပြားမရှိသေးသူ အသစ်၆(က) ၃၃ဦးနှင့်အသက် ၁၈နှစ်ပြည့်လဲလှယ် (၁၇)ဦး စုစုပေါင်း (၅၀) ဦး တို့အား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ နေ့ချင်းပြီး ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ချိုမြတ်မြတ်ထွေး(ပြန်/ဆက်)