ကျောက်ဖြူ စက်တင်ဘာ ၂၀
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် အသက် ၅၅ နှစ်အထက်ရှိသူများနှင့် ဦးစားပေးအုပ်စုတွင် ပါ ဝင်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တတိယအကြိမ်ထိုးနှံခြင်းကို ယနေ့ နံနက် ၁၀ နာရီက အမှတ်(၃)၊ အခြေခံပညာအထက်တန်းကျောင်းရှိ စန္ဒကူးခန်းမတွင် သတ်မှတ်ပေးထားသည့် ရပ်ကွက် များအလိုက် ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများထိုးနှံရာတွင် အသက် ၅၅ နှစ်အထက်ရှိသူများ၊ ရဟန်း သံဃာ/သီလရှင်များ၊ မသန်စွမ်းသူများ၊ နာတာရှည်နှင့် မကူးစက်နိုင်ရောဂါရှိသူများနှင့် ရွှေ့ပြောင်းလူ အုပ်စုများ စသည့်ပြည်သူများကို သတ်မှတ်ဦးစားပေးအုပ်စုအဖြစ် ထိုးနှံပေးလျှက်ရှိပြီး ဆေးထိုးရန်လာ ရောက်ကြသည့် ပြည်သူများကို မီးသတ်တပ်ဖွဲ့ဝင်များမှ သတ်မှတ်နေရာများသို့လိုက်ပါပို့ဆောင်ပေး ခြင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက စာရင်းမှတ်တမ်းရေးသွင်းကောက်ယူခြင်း၊ ကျန်းမာရေးဌာနမှဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းတို့ ကို စနစ်တကျဆောင်ရွက်ပေးကာ ပုံမှန်အခြေအနေရှိသူများသာ ကာကွယ်ဆေးများကိုထိုးနှံပေးလျက်ရှိ သည်။
ကျောက်ဖြူမြို့နယ်၌ အဆိုပါကာကွယ်ဆေးကို စက်တင်ဘာလ ၁၈ ရက်နေ့မှစတင်ကာထိုးနှံ ပေးလျက်ရှိပြီး ယင်းနေ့တွင် ပြည်သူ ၂၃၉ ဦးတို့မှလည်းကောင်း၊ စက်တင်ဘာ ၁၉ ရက်နေ့တွင် ပြည်သူ ၄၆၀ ဦးတို့မှလည်းကောင်း လာရောက်ထိုးနှံခဲ့ကြပြီး စက်တင်ဘာလ ၂၀ ရက်၊ ယနေ့တွင်လည်း အသက် ၅၅ နှစ်အထက်ရှိသူများနှင့် ဦးစားပေးအုပ်စုတွင် ပါဝင်သူများကို ဆက်လက်ထိုးနှံပေး လျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။ ထိုသို့ ကာကွယ်ဆေးထိုး နှံနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးပြီး ကာကွယ်ဆေးလာ ရောက်ထိုးနှံသူများကို အားပေးစကားများပြောကြားခဲ့သည်။
တင်ထွန်းဦး (ပြန်/ဆက်)