ချောင်းဆုံတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးတတိယအသုတ် (ပထမအကြိမ်) ဆေးထိုးနှံမှု (၆)ရက်အတွင်း (၈၆၁၆)ဦး ထိုးနှံပေးခဲ့

ချောင်းဆုံ စက်တင်ဘာ            ၂၀

 

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တွင် ဦးစားပေးအုပ်စုအလိုက် သတ်မှတ်ထားသည့် စည်းကမ်းများနှင့် အညီ ကိုဗစ်-၁၉ ကာကွယ်ဆေး တတိယအသုတ်(ပထမအကြိမ်) ဆဌမမြောက်နေ့ ဆေးထိုးနှံ ပေးမှုကိုယနေ့နံနက်က သတ်မှတ်စုရပ်(၁၅)နေရာတွင် ဆက်လက်ဆေးထိုးနှံပေးလျက်ရှိရာ ကျန်းမာရေး ဝန်ထမ်းများနှင့်အတူ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီအသင်းအဖွဲ့ဝင်များ၊ စေတနာ့ ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့တို့ပူးပေါင်းပြီး ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ကာကွယ်ဆေးထိုးနှံပေးရာတွင် ဦးစားပေးအုပ်စုများအလိုက် သာသနာ့အနွယ်ဝင်များ၊ အသက်(၅၅) နှစ်ပြည်သူများ မသန်စွမ်းသူများ၊ အချုပ်သားများ၊ ရွှေ့ပြောင်းလုပ်သားများ၊ နာတာရှည်နှင့် မကူးစက်နိုင် သော ရောဂါရှိသူများ၊ စက်ရုံအလုပ်ရုံ ဝန်ထမ်းများ၊ အစိုးရဝန်ထမ်းများ ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး လုပ်ငန်း လုပ်ကိုင်သူများစသည့် အကျုံဝင်အုပ်စုမှပြည်သူများအား စက်တင်ဘာ၁၄ရက်မှ၁၉ရက်နေ့အထိ (၆)ရက်အတွင်း (၈၆၁၆) ဦး ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်းမြို့နယ် ကျန်းမာရေးဦးစီးဌာနမှသိရသည်။

 

ချောင်းဆုံ(ပြန်/ဆက်)