ကသာမြို့၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံရန်ကျန်ရှိသူများအား ကာကွယ်ဆေး များ ဆက်လက်ထိုးနှံပေး

ကသာ စက်တင်ဘာ ၂၀

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့တွင် မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံရန်ကျန်ရှိသူများအား စက်တင်ဘာလ(၂၀)ရက်နေ့၊ နံနက်(၈)နာရီအချိန်မှစတင်၍ ကသာမြို့တော်ခန်းမ၌ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ဩဂုတ်လအတွင်း၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(Sinopharm)ကို ကသာမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများမှ ဆရာတော်၊ သံဃာတော်များ၊ သီလရှင်များအပါအဝင် ပြည်သူပေါင်း (၈၅၀၀)ဦးတို့ကို ပထမအကြိမ် ထိုးနှံပေးခဲ့ပြီး ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံရာတွင် စက်တင်ဘာလ(၁၉)ရက်နေ့အထိ ဆရာတော်၊ သံဃာတော်များ၊ သီလရှင်များ အပါအဝင် လူဦးရေပေါင်း(၆၅၀၀)ကျော် ထိုးနှံပြီးဖြစ်ကြောင်း၊ ယနေ့တွင် မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများမှ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံ ရန်ကျန်ရှိ သူများ အား ဆက်လက် ထိုးနှံပေးခြင်းဖြစ်ကြောင်း၊ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးမထိုးနှံရသေးသည့်ပြည်သူများကိုလည်း စက်တင်ဘာလအတွင်း ပထမအကြိမ်ထိုးနှံပေး သွားမည်ဖြစ် ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါထိန်းချုပ် ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။

ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံရာတွင် ကသာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကသာပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်နှင့် တာဝန်ရှိ သူများက ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိပြီး ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံသူများကိုလည်း လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများနှင့် ကူညီဆောင်ရွက်ရေးလုပ်ငန်းများ ကိုလည်း မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များ ပါဝင်သည့် ပူးပေါင်းအဖွဲ့တို့မှ ကျန်းမာရေးဌာနမှ တာဝန်ရှိသူများနှင့်အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။

 

ခရိုင်(ပြန်/ဆက်)