ဟိုင်းကြီးကျွန်း စက်တင်ဘာ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့ ၊ အမှတ်(၁)ရပ်ကွက် ၊ အ.ထ.က ဟိုင်းကြီးအခြေခံပညာအထက်တန်း ကျောင်းတွင် အသက်(၅၅) နှစ်မှ (၆၄) နှစ်အတွင်းရှိသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးပထမအကြိမ် ထိုးနှံခြင်းကို ယနေ့ နံနက် (၁၀) နာရီ မှစ၍ ထိုးနှံပေးလျက်ရှိသည်။
ထိုသို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို အသက်(၅၅) နှစ် မှ (၆၄) နှစ်အတွင်းရှိသူ အမှတ်(၁) ရပ်ကွက် တွင် (၁၄၀) ဦးနှင့် အမှတ်(၂)ရပ်ကွက်တွင် (၆၀) ဦး ၊ စုစုပေါင်း (၂၀၀) ဦးတို့အား (ပထမ) အကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေး လျက်ရှိပြီး လာရောက်ထိုးနှံပေးသူများအား အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်ပေးခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေး ခြင်းတို့ကို အမှတ် (၁) ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးဆောင်၍ Volunteerများ ၊ လူမှုကူညီရေးအဖွဲ့ဝင်များနှင့် မြို့မိမြို့ဖများပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ပေးခဲ့ကြသည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရာသို့ မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ထွန်း၊ ပြန်/ဆက် ဦးစီးဌာန ၊ မီးသတ်ဦးစီး ဌာန ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူများက ကြည့်ရှု့ခဲ့ကြပြီး အ.ထ.က ဟိုင်းကြီးအခြေခံပညာအထက်တန်းကျောင်းတွင် ပြသထားသည့်လက်တွေ့သိပ္ပံခန်းနှင့် ကျောင်းစာကြည့်တိုက်ကိုလည်း ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
နွေးနွေးအောင် (ပြန်/ဆက်)