ရွှေကျင် စက်တင်ဘာ ၂၀
ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်၊ ဘောကထာနယ်မြေရဲစခန်း ခြံဝန်းစည်းရိုးကာရံနိုင်ရေးအတွက် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက် ၁၀နာရီခွဲအချိန်က ကွင်းဆင်း တိုင်းတာပေးခဲ့ကြောင်း သိရသည်။
ဘောကထာနယ်မြေ ရဲစခန်းခြံဝန်းဧရိယာမှာ နှစ်(၃၀)ဂရမ်းအရ ဧက(၁၀)ဧကရှိပြီး ခြံဝန်းစည်းရိုး ကာရံနိုင်ရေးအတွက် ရွှေကျင်မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီဌာနမှ ဝန်ထမ်းများ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများမှ နယ်မြေဧရိယာအား ကွင်းဆင်းတိုင်းတာ ပေးခဲ့သည်။ အဆိုပါ ဘောကထာနယ်မြေ ရဲစခန်းခြံဝန်းအား ၂၀၂၀-၂၀၂၁ ခုနှစ် နိုင်ငံတော် ဘက်ဂျက်ငွေဖြင့် ကာရံသွားမည်ဖြစ်ကြောင်း ဘောကထာ နယ်မြေ ရဲစခန်းမှူး ရဲအုပ်ဇင်ဟိန်းထွဋ် ထံမှ သိရသည်။
ထွန်းထွန်းဇော်