ထီးလင်း စက်တင်ဘာ ၂၀
မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသည့်ပြည်သူများအား ဦးစားပေးအုပ်စုများအလိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထုတ်လုပ်သော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ကို ယနေ့နံနက် ၈ နာရီမှစ၍ ထီးလင်းမြို့ မိခင်ကလေးကျန်းမာရေးဌာန၌ ပထမအကြိမ် ထိုးနှံပေးလျက်ရှိသည်။
အဆိုပါကာကွယ်ဆေး ထိုးနှံပေးနေမှုတို့ကို မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြသိန်းမောင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့်ကျန်းမာရေးဝန်ထမ်းများက လိုအပ်သည်များ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြကာ ထီးလင်းမြို့နယ်တွင် ယနေ့အထိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးသူ စုစုပေါင်း လူဦးရေ ၅၈၁၆ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။
အောင်စည်(ပြန်/ဆက်)