တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေဖြင့်မြေသားရေကန် ပြုပြင်တူးဖော်ခြင်း လုပ်ငန်း၆၅ ရာခိုင်နှုန်း ပြီးစီး

 

တံတားဦး ၊ စက်တင်ဘာ -၂၀

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ကန်ကြီးကျေးရွာအုပ်စု ကန်ကြီး(နောက်) ကျေးရွာ၌ တိုင်းဒေသကြီးခွင့်ပြု ရန်ပုံ ငွေဖြင့် မြေသားရေကန်ပြုပြင်တူးဖော်ခြင်းလုပ်ငန်းကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်နေကြောင်း သိရသည် ။

အဆိုပါရေကန်ပြုပြင်တူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ယနေ့နံနက်(၁၀)နာရီခန့်က ကွင်းဆင်းစစ်ဆေးရာတွင် တံတားဦးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ချောယဉ်စုနှင့် ဝန်ထမ်းများ၏ကြီးကြပ်မှုဖြင့် ၊ ကျေးရွာ စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်သည့် ကော်မတီဝင်များ ပါဝင်ကြ သည်။ ကန်ကြီးကျေးရွာအုပ်စု ကန်ကြီး(နောက်)ကျေးရွာ မြေသားရေကန်ပြုပြင်တူးဖော်ခြင်း၏ အကျယ်မှာ အလျား ၂၅၀ ပေ ၊ အနံ ၁၀၀ ပေ ၊ အမြင့် ၃ ပေဖြစ်ကြောင်း ၊ လုပ်ငန်းအားလုံးအတွက် Mega Glory ကုမ္ပဏီမှ တိုင်းဒေသ ကြီး ခွင့်ပြုရန်ပုံငွေကျပ်( ၁၁.၀၆)သန်းဖြင့် တာဝန်ယူဆောင်ရွက်နေကြောင်းလည်း သိရသည် ။

မြေသားရေကန်တူးဖော်ခြင်းလုပ်ငန်းသည် ယခုအခါ ကျေးရွာသူ ၊ ကျေးရွာသားများ အနေ ဖြင့် သောက်သုံးရေ အဆင်ပြေ လျက်ရှိပြီး ယခင်က သောက်သုံးရေကို လုံလောက်စွာ မရရှိ ခြင်းကြောင့် ကျေးရွာသူ၊ကျေးရွာသားများ အခက်အခဲ များရှိကာ ယနေ့ပြုပြင်ဆောင်ရွက် ပေးသည့်အတွက် ကျေးရွာသူ ၊ ကျေးရွာသားများ သောက်သုံးရေဖူလုံစွာ သောက်သုံး နိုင် မည်ဖြစ်ကြောင်း  ကိုဗစ်-၁၉ ရောဂါကာလအတွင်း ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင် ရွက်သည့် လုပ်အားခများ ကို ကျေးရွာသူ ၊ ကျေးရွာသားများအား ထောက်ပံ့ပေးခြင်းဖြစ် ကြောင်း မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှသိရသည် ။ .

 

.ရဲတင့်(တံတားဦး)