လှိုင်းဘွဲ ဩဂုတ် ၁၅
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့နှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ ပူးပေါင်း၍ စာရေးဆရာ မောင်မင်းစိုး၏ လူငယ်နဲ့လူမှုရေး စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် ၉ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမြို့နယ်ဦးစီးမှူး ဒေါ်ခင်စန်းမြင့်က စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိပြီး စာပေမှရရှိသည့် အသိပညာဗဟုသုတများဖြင့် အမှား/အမှန်ကို ခွဲခြားတတ်လာစေရန်နှင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားသည်။
ထို့နောက် (Book Club)အဖွဲ့ဝင် ဦးလင်းခိုင်က လူငယ်နဲ့လူမှုရေး စာအုပ်တွင်ပါရှိသည့် အကြောင်းအရာများထဲမှ လည်းကောင်း၊ ဦးစောမျိုးသက်နိုင်ဦးက လူငယ်နဲ့ရန်ငြိုး၊ စောဆန်းကိုကိုက လူငယ်နဲ့မိသားစု၊ မသင်းရတီထက်က လူငယ်နဲ့ပြိုင်ပွဲ အကြောင်းအရာတို့ကို ဆွေးနွေးကြရာ တက်ရောက် လာကြသူများက အခန်းကဏ္ဏများအလိုက် အသီးသီး ပြန်လည်ဆွေနွေး ခဲ့ကြကြောင်း သိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)