ဒေးဒရဲမြို့နယ် အောက်ဆီဂျင်ထုတ်စက်ရုံအား မီးဘေးလုံခြုံရေးဆိုင်ရာ အစီအမံများဆောက်ရွက်ထားရှိမှုများကို ကွင်းဆင်းစစ်ဆေး

ဒေးဒရဲ စက်တင်ဘာ ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ အောက်ဆီဂျင်ထုတ်လုပ်သည့်စက်ရုံများ Liquit Oxygen Plant များ၊ သိုလှောင်ကန်များ Oxygen Cylinder Filling  Station များ၊ အောက်ဆီဂျင်အသုံးပြုသည့် ကိုဗစ်-၁၉ ရောဂါကုသရေးစင်တာ၊ ဆေးရုံ များတွင် မီးဘေးလုံခြုံရေးနှင့် စပ်လျဉ်း၍ အစီအမံများ၊ ဆောင်ရွက်ထားရှိမှုအခြေအနေများကို ယမန်နေ့ ညနေ နာရီက တာဝန်ရှိ သူများက စက္ခုဒါနဆေးရုံဝန်းအတွင်းရှိ အောက်ဆီဂျင်စက်ရုံကို သွားရောက်၍စစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူးဦးဟန်ဝင်းစိုးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက မီးဘေးလုံခြုံရေးနှင့်ပတ်သက် ၍ဆောင်ရွက်ထားရှိမှုနှင့် လိုအပ်ချက်များကိုစစ်ဆေးခဲ့ရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ကြောင်း သိရသည်။

အေဇာလင်း ( ပြန်ဆက်)