မြို့သစ် စက်တင်ဘာ ၂၀
မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် အသက်(၅၅)နှစ် အထက်ရှိ သူများကို ယမန်နေ့နံနက် ၉ နာရီမှစတင်ကာ မြို့သစ်မြို့နယ်အတွင်းရှိသတ် မှတ်ထားသောဆေးထိုးစုရပ်(၅)နေရာ၌ ဆေးအလုံးရေ(၁၀၈၀)အား ပထမအကြိမ်အဖြစ် ထိုးနှံပေးခဲ့ ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ် တားဆီးရေး ကော်မတီအဖွဲ့ထံမှ သိရသည်။
ကာကွယ်ဆေးလာရောက်ထိုးနှံသူများတွင် အသက်(၅၅) နှစ်နှင့်အထက်ပြည်သူများ ရဟန်း သံဃာတော်များ ၊ သီလရှင်များပါဝင်ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးရာ၌ လူစုလူဝေးမဖြစ်ပေါ်စေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန ကထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ (၁၀)ဦးတစ်ဖွဲ့ဖွဲ့ကာ စနစ်တကျထိုးနှံပေးလျက် ရှိပြီး ဆေးထိုးရာစုရပ်နေရာတိုင်း၌ မြို့နယ်အဆင့်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ ဝင်များနှင့်ကျန်းမာရေး ဝန်ထမ်းများက ပူးပေါင်း ပါဝင်ကာ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီမှ သိရသည်။
သန်းဝင်းထွန်း ( မြို့သစ် )