ယင်းမာပင်မြို့နယ်တွင်ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးဒုတိယအသုတ်တစ်လုံးလျှင် ၅ ဦး ထိုးနိုင်သည့် ဆေးအလုံးရေ ၁၀၀၀ ရရှိမိဘပြည်သူများ ၅၀၀၀ ဦး  ထိုးနှံပေးသွားမည်

ယင်းမာပင်    စက်တင်ဘာ  ၂၀

   

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့အတွက် (ဒုတိယအသုတ်)၊ ပထမအကြိမ် အဖြစ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(Sinopharm) တစ်လုံးလျှင် ဦး နှုန်းထိုးနှံပေးနိုင်သည့် ဆေးအလုံး(၁၀၀၀)လူဦးရေ (၅၀၀၀)ဦး အားထိုးနှံပေးနိုင်မည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှသိရသည်။

 

ယခု ဒုတိယအသုတ်ရရှိသော ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ယင်းမာပင်မြို့နယ် အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများတွင် နေထိုင်ကြသည့် မိဘပြည်သူများအား ထိုးနှံပေးသွားမည်ဖြစ်သည်။ စုရပ်ဖြစ်သော၊ ယင်းမာပင်မြို့ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ) အမှတ်()တွင်( ဒုတိယအသုတ်) ပထမအကြိမ်၊ ယမန်နေ့စက်တင်ဘာ ၁၉ ရက်နံနက်( )နာရီမှစတင်ထိုးနှံပေးခဲ့ရာ(၁၆၀)ဦး အားထိုး နှံခဲ့သည်၊ စက်တင်ဘာ ၁၉ ရက်နေ့ထိစုစုပေါင်း(၈၈၅)ဦး  မိဘပြည်သူများအား(ဒုတိယအသုတ် ) ပထမအကြိမ်အဖြစ် ထိုးနှံပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

 

သန်းဌေး(သရက်)