အလုံမြို့နယ်၌ စီမံကိန်းလုပ်ငန်းများ ရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

အလုံ  သြဂုတ်  ၁၅

ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ အလုံမြို့နယ်စီမံကိန်းလုပ်ငန်းများ ရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီလုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြည်သူ့လွှတ်​တော် ကိုယ်စားလှယ် ဦးရဲလွင်က ဒေသဖွံ့ဖြိုးရေးအတွက် စီမံလုပ်ငန်းများ​​ပါရှိ​ရေးအတွက်​ ဆောင်ရွက်မှု အ​ခြေအ​နေများ၊ ၂၀၂၀-၂၀၂၀ ဘဏ္ဍာနှစ် ဦးစားပေး လုပ်ငန်းများ ရရှိရေး​ ဆောင်ရွက်သွားမည်ဖြစ်​​​ကြောင်း စသည်ဖြင့်​ ဆွေး​နွေးသည်။

ဆက်လက်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ခိုင်က စီမံကိန်းလုပ်ငန်းများ ကွင်းဆင်းစစ်​ဆေးမည့် အခြေအ​နေများကို​ ဆွေး​နွေးခဲ့ပြီး မြို့နယ်စီမံကိန်း ရေးဆွဲ​ရေး ဦးစီးဌာန၊ မြို့နယ် ဦးစီးမှူးက ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်​ ဆောင်ရွက်နေသော စီမံကိန်း လုပ်ငန်းများ အချိန်မီပြီးစီး​ရေးနှင့် စံချိန်စံနှုန်း ပြည့်မီ​​ရေးတို့ကို ဆွေး​နွေး ​ပြောကြားသည်​။

ဆက်လက်၍ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် စီမံကိန်းလုပ်ငန်းများ ပြီးစီးမှုအ​ခြေအ​နေ၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် စီမံကိန်းလုပ်ငန်းများ ​ဆောင်ရွက်မည့် အ​ခြေအ​နေများကို လွှတ်​တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်​ရေးမှူးများက အပြန်အလှန်​ ဆွေးနွေးခြင်းများ​ ဆောင်ရွက်ခဲ့​ပြီး အဆိုပါ အစည်းအ​ဝေးသို့ လွှတ်​တော် ကိုယ်စားလှယ်များ၊ မြို့နယ် စီမံကိန်းလုပ်ငန်းများ​ ရေးဆွဲ​အ​ကောင်းအထည်​ဖော်​ရေး​ ကော်မတီဝင် ဌာနဆိုင်ရာများ၊ မြို့နယ် စည်ပင်သာယာ​ရေး ကော်မတီဝင်များ၊ ရပ်ကွက်အုပ်ချုပ်​ရေးမှူးများ တက်​ရောက်ခဲ့​ကြောင်း သိရသည်။

တင်တင်ချို (ပြန်/ဆက်)