ရှမ်းရွာသစ်မြို့တွင် အသက်(၆)လမှ (၅)နှစ်အထိ ကလေးငယ်များအား ဗီတာမင်အေနှင့် သန်ချဆေးများတိုက်ကျွေး

ရှမ်းရွာသစ်  ဩဂုတ် ၁၅

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ ကျေးလက်ကျန်းမာရေးဌာနမှ အသက်(၆)လမှ (၅)နှစ်ထိ ကလေးငယ်များ ပုံမှန်ကြီးထွာဖွံ့ဖြိုးရန်နှင့် အမြင်အာရုံများ ကောင်းမွန်စေရန် ရည်ရွယ်ပြီး  ဗီတာမင်အေ ဆေးများ တိုက်ကျွေးခြင်း လုပ်ငန်းများကို ယမန်နေ့က မြို့ပေါ်(၄)ရပ်ကွက်တွင် ဗီတာမင်အေနှင့် သန်ချဆေး တိုက်ကျွေးခြင်း လုပ်ငန်းကို ကျေးလက်ကျန်းမာရေးဌာနတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဗီတာမင်အေနှင့် သန်ချဆေးတိုက်ကျွေးရာတွင် အမျိုးသမီးကျန်းမာရေး ဆရာမ ဒေါ်နော်အေးအေးချို က ကလေးမိခင်များအား ကလေးများ ကြီးထွားဖွံ့ဖြိုးရန်အတွက် အစာအာဟာရ ပြည့်ဝလုံလောက်စွာ ကျွေးမွေးစေရန် ပညာပေးဆွေးနွေးခြင်းနှင့် ကျန်းမာရေး သိကောင်းစရာများကို အသိပညာပေး ဟောပြောပြီးနောက် ကလေးငယ်များအား ကိုယ်အလေးချိန် ချိန်ပေးခြင်း၊ အရပ်တိုင်း ပေးခြင်းနှင့် လက်မောင်းလုံးပတ် တိုင်းပေးခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

ထို့နောက် ကျေးလက်ကျန်းမာရေး ဝန်ထမ်းများက အသက်(၆)လမှ (၁၁)လအထိ ကလေးငယ်များအား ယူနစ်(၁)သိန်းအား ဗီတာမင်အေ အပြာဆေးတစ်လုံး၊ အသက်(၁၂)လမှ (၅)နှစ်အထိ ကလေးငယ်များအား ယူနစ်(၂)သိန်းအား ဗီတာမင်အေအနီတစ်လုံးနှင့် အသက်(၂)နှစ်မှ (၅)နှစ်အထိ ကလေးငယ်များအား သန်ချဆေးများ တိုက်ကျွေးခဲ့ကြောင်း သိရသည်။

ဇင်လေး(ပြန်/ဆက်)