ရခိုင်ပြည်နယ်​အစိုးရအဖွဲ့၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးသန်းထွန်းနှင့်အဖွဲ့ အောက်ဆီဂျင်စက်ရုံ လွှဲပြောင်းပေးအပ်ပွဲ အခမ်အနားသို့တက်ရောက်

မင်းပြား စက်တင်ဘာ ၁၉

ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးသန်းထွန်း၊ ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး သက်လွင်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုင်းသော်ဝင်းတို့သည် စက်တင်ဘာ ယမန်နေ့ နံနက် (၁၁) နာရီအချိန်တွင် မြောက်ဦးခရိုင်၊ မင်းပြားမြို့ ပြည်တော်သာရပ်ကွက်ရှိ ကျိန်းရိပ်ကရုဏာ လူမှုကူညီရေးအသင်းရုံး၌ အောက်ဆီဂျင်စက် လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် တက်ရောက်လာသည့် ဧည့်ပရိတ်သတ်များက  မင်းပြားမြို့နယ်သံဃနာယက ဆရာတော်ကြီးများထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီးနောက်  ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ကိုယ်စား ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးသန်းထွန်းက အောက်ဆီဂျင်စက် ဖြစ်မြောက် ရေးကော်မတီဥက္ကဋ္ဌ ဦးသခင်ချိုထံသို့ ငွေကျပ်သိန်း (၁၀၀) လှူဒါန်းပြီး လှူဒါန်းရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီးနောက် မင်းပြားမြို့နယ် ကိုဗစ်-၁၉  ရောဂါကြိုတင် ကာကွယ်ထိန်းချုပ်ပံ့ပိုးရေး မြို့နယ်အဆင့်အရပ်ဖက် အထောက်အကူပြု ကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ရွှေက ကျိန်းရိပ်ကရုဏာ လူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးသန်းထွန်းထံသို့ တစ်ရက်လျှင် လီတာ (၄၀) ဆန့် အောက်ဆီဂျင်ဗူး (၆၀) လုံး ထွက်ရှိသည့် အောက်ဆီဂျင် စက်အား လွှဲပြောင်းပေးအပ်ခဲ့သည်။ ဆက်လက်၍ဝန်ကြီးနှင့်အဖွဲ့သည်  မင်းပြားမြို့ ပြည်သူ့ ဆေးရုံသို့ရောက်ရှိ၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဝန်ထမ်းများနှင့် တွေ့ဆုံပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့ကိုယ်စား ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ဂုဏ်ပြုချီးမြှင့်သည့့်် ငွေကျပ် သိန်း (၂၀) အား မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး  ဒေါက်တာနေဝင်းထွန်းအားပေး အပ်ခဲ့သည်။

ထို့နောက် ရခိုင်ပြည်နယ် သယံဇာတရေးရာဝန်ကြီး ဦးသန်းထွန်းနှင့်အဖွဲ့သည်  ဖားပြို (အထက်) ကျေးရွာသို့ရောက်ရှိပြီး သာသနပါလ ဘုန်းတော်ကြီးကျောင်းတွင်  ကျေးရွာသူ၊ ကျေးရွာသားများနှင့် တွေ့ဆုံကာ အားပေးစကား ပြောကြားခဲ့သည်။ ဆက်လက်ပြီး မင်းပြား မြို့နယ်  စည်ပင်သာရေးအဖွဲ့ပိုင် မြို့မဈေးသို့သွာရောက် ကြည့်ရှု၍ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

သိန်းနုအောင်