လပွတ္တာ စက်တင်ဘာ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်အတွင်းရှိ ပုဂ္ဂလိက စက်ရုံ၊ အလုပ်ရုံ အလုပ်သမားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (ဒုတိယအကြိမ်)ထိုးနှံမှုအား ယနေ့နံနက် ၁၀ နာရီ အ ချိန်ခန့်က လပွတ္တာမြို့နယ်ပြည်သူ့ဆေးရုံဟောင်းတွင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါကာကွယ်ဆေးထိုးနှံသည့်မြို့နယ်ပြည်သူ့ဆေးရုံအဟောင်းသို့ ယမန်နေ့က ၂၀၆ ဦး ထိုးနှံခဲ့ကြပြီး ယနေ့တွင် ၁၀၀ကျော်ခန့် လာရောက် ထိုးနှံလျက် ရှိကြောင်း သိရသည်။
ထို့ပြင် ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ကာကွယ်ဆေးလာရောက်ထိုးနှံသူများကို အပူချိန်တိုင်းပေးခြင်း၊ သွေးပေါင်ချိန်ပေးခြင်းများ ဆောင်ရွက်ပေးပြီး ပုံမှန်အခြေအနေရှိမှ ထိုးနှံပေးလျက်ရှိကြောင်း သိရပြီး(၁၉)ရက်နေ့နှင့်(၂၀) ရက်နေ့တွင်လည်း လပွတ္တာမြို့နယ် ပြည်သူ့ဆေးရုံအဟောင်း အစည်းအဝေး ခန်းမတွင် ကာကွယ်ဆေးထိုးနှံခြင်းမရှိသေးသည့် အသက် (၅၅) နှစ်မှ (၆၄)နှစ်၊ မသန်စွမ်းသူများ၊ Ethnic Armed Organization (EAO)၊နာတာရှည်နှင့် မကူးစက်နိုင်သောရောဂါရှိသူများကို ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးသွားမှာဖြစ်ကြောင်းနှင့် ဒုတိယအကြိမ် ဆေးထိုးရန် ကျန်ရှိသူများ လာရောက် ထိုးနှံ၍ ရကြောင်း သိရသည်။
ယောဧရာ