ကျောက်ဖြူမြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး ပြန်လည်ကျန်းမာလာသူတစ်ဦး၏ ရင်တွင်းစကားသံများ

ကျောက်ဖြူ စက်တင်ဘာ ၁၉

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၅၄၁ ဦးရှိပြီး ပြန်လည် ကောင်းမွန်လာသူ ၄၇၀ ဦး၊ သေဆုံးသူ ၅၅ ဦးနှင့် ဆေးကုသမှုခံယူနေသူ ၁၆ ဦးရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ စာရင်များအရသိရသည်။ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီး ပြန်လည်ကျန်းမာလာသူများ၏ ရင်တွင်းစကားသံများကို ဖော်ပြလိုက်ပါသည်။

မဝင်းသင်္ဂီကျော်(တောင်ရင်းရပ်ကွက်၊ကျောက်ဖြူမြို့)

ကျွန်မနာမည်ကတော့ မဝင်းသင်္ဂီကျော်ပါ ကျောက်ဖြူမြို့၊ တောင်ရင်းရပ်ကွက်မှာ နေထိုင်ပါ တယ်။ အသက်ကတော့ (၃၆)နှစ်၊ အလုပ်အကိုင်ကတော့ ဈေးရောင်းပါတယ်။ ကျွန်မ သံသယဖြစ်မိတာကတော့ ကိုဗစ် ကူးစက်ခံရသူ သူငယ်ချင်းတစ်ရောက်နဲ့ အတူစားသောက် နေထိုင်တာက စတင်ကူးစက်တယ်လို့ သံသယ ဝင်မိပါတယ်။ ပထမကျွန်မဖျားပါတယ် ဖျားပြီး ချောင်းလည်းနည်းနည်းဆိုးပါတယ်။ နှစ်ရက်လောက်နေမှာတော့ အနံ့ကစပျောက်ပါတယ်။ အနံ့စပျောက်တော့ သာမန်ရိုးရိုး နှာစေးပြီးတော့ အနံပျောက်တယ်လို့ ထင်မိပါတယ်။ အိမ်မှာရှိတဲ့ အရမ်းအနံ့ပြင်းတဲ့ ရေမွှေးကို သွားနမ်းတာ လုံးဝအနံ မရတော့ပါဘူး အဲအချိန် ကစပြီး ကိုကိုယ့်ကို ကိုဗစ်-၁၉ ကူးစက်ခံရပြီးလို့ သံသယဝင်မိပါတယ်။ ကျွန်မ ကျောက်ဖြူ ဆေးရုံက သမားတော်ဆေးခန်းမှာ သွားပြပါတယ်။ သမားတော်ကို ကျွန်းမဟာ အနံ့ပျောက်တဲ့ အကြောင်းကိုပြောပြတော့ ဆရာက အနံ့ပျောက်ရင်တော့ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှု ၉၉ ရာခိုင်းနှုန်း သေချာသလောက်လို့ပြောပါတယ်။ ကျွန်မတို့ မိသားစုထဲမှာ သက်ကြီးရွယ်အိုနဲ့ ဆီးချိုရောဂါလူမမာတွေ ရှိတဲ့အကြောင်းကို ပြောတော့ ဆရာက ပိုသေချာအောင် ကျောက်ဖြူ ပြည်သူ့ဆေးရုံကြီးရှိ Fever Corner မှာ နှာခေါင်းတို့ပတ်သွား ယူခိုင်းပါတယ်။ နှာခေါင်းတို့ပတ် ယူပြီး နောက်အဖြေက Positive ထွက်လာ တဲ့အခါမှာ ကျွန်မကို ကိုဗစ်-၁၉ ရောဂါကုသဆောင် မှာထားပါတယ်၊ ကျွန်မနှင့်အတူ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရတဲ့ လူနာတွေကို ဆရာ၊ ဆရာမ များက မနက်တစ်ကြိမ်၊ ညတစ်ကြိမ် သွေးပေါင်ချိန်တိုင်းပေးပါတယ်၊ ကိုယ်အပူချိန်တိုင်းတာတို့ အောက်ဆီဂျင်တိုင်းပေးတာတို့ကို နေ့စဉ်နှစ်ကြိမ်ပြုလုပ်ပေးပါတယ်။ နောက်ပြီးတော့ လူနာ တစ်ယောက်ရဲ့ ဆေးဝါးတွေကို လူနာအခြေအနေပေါ်လိုက်ပြီးတော့ ဆေးပေးပါတယ်။ ကျွန်မက ဆရာသမားတော်တို့ရဲ့ လမ်းညွှန်ချက်အတိုင်း ပုံမှန်ဆေးသောက်ပါတယ်။ ကျွန်မကိုကိုယ့်ကို စိတ်ဓာတ်ခွန်အားတွေ့နဲ့ ပျော်ရွှင်အောင်နေထိုင်ခဲ့ပါတယ်။ အစားအသောက်တော့နည်းနည်း တော့ ကတွင်းပျက်ပါတယ် မစားချင်ပေမဲ့လည်း အစားကိုဝင်အောင် စားခဲ့ပါတယ်။ ဆရာတွေရဲ့ လမ်းညွှန်မှုအတိုင်း အသက်ရှူလေ့ကျင့်ခန်းပုံမှန်လုပ်တယ်။ ရေနွေးငွေ့ရှူပါတယ် ပြင်းပြင်း ထန်ထန်တော့ ရောဂါမခံစားခဲ့ရပါပဲ ကိုဗစ်-၁၉ ရောဂါကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ နိုင်ငံတော် အစိုးရက မြန်မာတစ်နိုင်ငံလုံးရှိ အသက် ၅၅ နှစ်အထက်ရှိသူတွေနဲ့ ဦးစားပေးအုပ်စုတွင် ပါဝင်သူများကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံ ပေးနေပါတယ်၊ ကာကွယ်ဆေးကို သွားရောက် ထိုးနှံကြဖို့ကိုလည်း တိုက်တွန်းချင်ပါတယ်။ ကျွန်မက ကာကွယ်ဆေး ထိုးနှံထားတာကြောင့် ရောဂါပြင်းပြင်းထန်ထန် မခံစားခဲ့ရပါ အမြန်ပြန်ကောင်းလာခဲ့ ပါတယ် ကျေးဇူးတင်ပါတယ်ရှင့်။

တွေ့ဆုံမေးမြန်းသူ - ဖြိုးဝေလင်း၊ တင်ထွန်းဦး(ပြန်/ဆက်)