ပွင့်ဖြူ စက်တင်ဘာ ၁၉
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရသေးသူများကို စက်တင်ဘာ ၁၆ ရက်နေ့က စတင်ပြီး ဆေးထိုးစုရပ် (၄)နေရာခွဲ၍ ဦးစားပေးအုပ်စုအလိုက် ကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာ ယနေ့အထိ ကာကွယ်ဆေး လာရောက်ထိုးနှံသူဦးရေ စုစုပေါင်း ၄၆၄၅ ဦး ရှိပြီဖြစ် ကြောင်း ပွင့်ဖြူမြို့နယ်အထွေထွေ အုပ်ချုပ်ရေ ဦးစီးဌာနရုံးမှ သိရသည်။
ထိုသို့ ဒေသခံပြည်သူများအား ကိုဗစ် - ၁၉ ရောဂါအန္တရာယ်ကင်းဝေးစေရေးအတွက် ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်း ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဆေးထိုးစုရပ်(၄)နေရာဖြစ်သည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမ၊ လယ်ကိုင်းကျေးရွာ(အ.ထ.က)ကျောင်း၊ ကုန်းဇောင်းကျေးရွာ (အ.ထ.က)ကျောင်း၊ မဲဇလီကျေးရွာ (အ.ထ.က) ကျောင်းတို့တွင် နေ့စဉ် နံနက် (၉)နာရီမှ ညနေ(၄)နာအထိ ကျန်းမာရေး ဝန်ထမ်းများက သတ်မှတ်စည်းကမ်းချက်များနှင့် အညီ စနစ်တကျ ထိုးနှံဆောင်ရွက်ပေးနေကြောင်း သိရပြီး ယနေ့ ဆေးထိုးစုရပ်(၄)နေရာတွင် ကာကွယ်ဆေး လာရောက် ထိုးနှံသူဦးရေပေါင်း ၁၆၃၅ ဦး ရှိကြောင်း သိရသည်။ ဒေသခံပြည်သူများ ကာကွယ်ဆေး လာရောက်ထိုးနှံရာ၌ စိတ်အေးချမ်း သာစွာ ထိုးနှံနိုင်ရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် စေတနာ့ဝန်ထမ်း(Volunteer)အဖွဲ့ဝင်များက လိုအပ်သည်များကို ဝိုင်းဝန်းကူညီဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရသေးသူများအား ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံပေးခြင်းကို စက်တင်ဘာ ၁၆ ရက်နေ့က စတင်ပြီး ထိုးနှံပေးရာ ယနေ့အထိ ကာကွယ်ဆေးလာရောက် ထိုးနှံသူဦးရေ ၄၆၄၅ ဦး ရှိပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင် ထံက သိရသည်။
ရဲဝင်းနိုင် ( ညောင်ဦး )